24. Dearest ...

11.3K 1.3K 36
                                    

(Unicode)

ချစ်ရသူနဲ့ အလုပ်သွား အလုပ်ပြန် တူတူလုပ်ရတဲ့ အချိန်တိုင်းဟာ ပျော်ရွှင်ဖွယ်ရာအတိပြီးတယ်လို့ ရှောင်းကျန့်ဖွဲ့ဆိုရင် မလွန်ဘူးလို့ထင်မိသလို မလုံလောက်ဘူးလို့လည်း ယူဆရပြန်တယ် ....

ကံကြမ္မာဟာ ဆန်းကြယ်လွန်းပါတယ် ....

ရိပေါ်ဖန်တီးမယ့် ဇာတ်ညွှန်းမှာ ရှောင်းကျန့်က မင်းသားဖြစ်လာတဲ့အခါ ....

ရဲရဲကြီးသာ ဝင်ကလိုက်ချင်ပါတော့တယ် ....

"ရိပေါ်လည်း ဒီနေ့ပါတာလား ...?"

"ဟုတ် .... ဇာတ်ညွှန်းဖတ်တဲ့ရက်တွေ လိုက်ရမယ်ဆိုလို့ ကျိရန်ကော .... အကို ဘယ်လိုဖြစ်နေလဲ ....."

ကျိရန်ကောကို ပြန်ဖြေရင် သူ့လက်ကို တရှုံ့ရှုံ့နမ်းနေတဲ့ အကို့ကို ဖယ်ရပါသေးတယ် ....

နောက်ပိုင်း အကိုက တအားကလေးဆန်လာပါတယ် .....
ထိုင်နေရင်းနဲ့ ရိပေါ်ကို ဆွဲပြီးပေါင်ပေါ်တင်တတ်တာမျိုး ....
အခုလို လက်ချောင်းလေးတွေကို လိုက်နမ်းတတ်တာမျိုး ....

ပြီးတော့ ....

ရိပေါ့်မျက်နှာကို ထိုင်ကြည့်နေတတ်တာမျိုး ....

ပုံမှန်အချိန်ဆို ဒါဟာပြဿနာမဟုတ်ပေမယ့် ဇာတ်ညွှန်းဖတ်တဲ့အချိန်ဆိုရင် ဒါဟာတကယ့်ပြဿနာပါပဲ .....

"အကိုရှောင်းက ဇာတ်ညွှန်းကို အာရုံမရဘူးထင်တယ်နော် ....."

ဇာတ်ညွှန်းဖတ်ပြီးတဲ့အချိန်မှာ ခေါင်းဆောင်မင်းသားနောက်တစ်ယောက်ဖြစ်တဲ့ Ryan Xing က ရှောင်းကျန့်ကို ချွဲချွဲနွဲ့နွဲ့ပြောပါတယ် ....

"အင်း .... ကျွန်တော် ဒီနေ့ခေါင်းမကြည်လို့ ..."

Bromance ကားဖြစ်တဲ့အားလျော်စွာ ထွက်လာမယ့် moment တွေကို အတတ်နိုင်ဆုံးရှောင်ရှားဖို့အတွက် ကြိုးပမ်းဖို့က ရှောင်းကျန့်တာဝန်ဖြစ်ပြန်တယ် ....

"ပြန်ရင် မုန့်သွားစားမလား အကိုရှောင်း ... ကျွန်တော်ဝယ်ကျွေးမယ်လေ ....."

"ရတယ် Ryan ကျွန်တော် ထမင်းဘူးပါတယ် ..."

မျက်လုံးကို ဝေ့ဝဲကြည့်​တော့ ကောင်ငယ်လေးဟာ ထမင်းဘူးလေးပိုက်ပြီး ကားနားရပ်နေပြန်တယ် ....

EPIPHANY  (Completed)Where stories live. Discover now