The End

14.1K 1.2K 22
                                    

(Unicode)

အိပ်ယာပေါ်မှာ စောင်လေးခြုံပြီး မိုးရေစက်တွေကိုကြည့်နေတဲ့ရိပေါ်ကို နောက်ကနေ ပွေ့ဖက်လိုက်တော့ ရိပေါ်က လက်ပေါ် ခေါင်းလေးလှမ်းတင်ပါတယ် .....

"အရင်တုန်းကလေ ....ဟိုအိမ်မှာဒီလိုလေးထိုင်ရင်း အကို့ကို ငေးကြည့်ခဲ့ရတာ ....."

"ဟုတ်လား .... ဘယ်လိုငေးကြည့်ခဲ့လဲ .... ဒါကျွန်တော့်ကောင်လေးပါလားဆိုပြီးတော့လား ...."

"အဲ့တုန်းက တွေ့တောင်မတွေ့ဖူးကြသေးဘူးလေ ... အပိုတွေလျှောက်ပြောနေတယ် ...."

ဘေးမှာချထားတဲ့ coffee ခွက်လေးကို လှမ်းကိုင်တဲ့ ရိပေါ်လက်မှာ ရှောင်းကျန့်ပေးထားတဲ့ Hand chain လေး ....

တစ်နည်းပြောရရင် အရင်လိုမြိုသိပ်မှုတွေမရှိတော့တဲ့ အခုအချိန်ရိပေါ်က ရှောင်းကျန့်ကမ္ဘာရဲ့ အမြတ်နိုးရဆုံးဖြစ်တည်မှုလေးပါပဲ ....

"အား .... အတင်းမဖက်နဲ့လေ ....နာတယ်ဗျ ..."

"ချစ်လိုက်တာ.... အူပုတ်ကလေး ... ကိုယ့်အချစ်လေး ...."

နေ့တိုင်း ဒီလိုပုံစံနဲ့ နိုးထတဲ့မနက်ခင်းတိုင်းဟာ ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေခဲ့ပြန်ပါတယ် ....

~~~~~~~~

ဒီနေ့တော့ ရိပေါ် စာအုပ်တိုက်မသွားရတဲ့နေ့ပါပဲ ...

"မြို့တစ်ပတ်လျှောက်လည်ကြမလား ...."

"အကို့ကို လူသိသွားမှာပေါ့ ...."

"မသိအောင် ရုပ်ဖျက်သွားမယ်လေ ....."

Mayonnaise ပုလင်းကိုင်ပြီး salad ထဲကို လောင်းထည့်ရင်းအကိုက လှမ်းပြောနေပါတယ် ...

အခုနောက်ပိုင်းအကိုက အရမ်းစားလာပါတယ် ...
အနုပညာလောကကထွက်ပြီး ဘာကိုမှ ဂရုမစိုက်တော့တဲ့အကို့ကိုလည်း အပြင်လေးဘာလေးသွားခိုင်းရပါဦးမယ် .....

"အကို ...."

"အင်း ...အချစ်ပြော ...."

"ခရီးသွားမလား ....."

"ဘယ်ကိုလဲ ....."

"အကို့မွေးရပ်မြေလေ ...."

"ချုံချင် ....?"

"အင်း ... ပြောရရင် ကျွန်တော်လည်း မရောက်ဖူးဘူးလေ ..."

Salad တစ်ဇွန်းနှိုက်မြည်းရင်း အကို့ကိုပြောတော့ အကိုက ကျေကျေနပ်နပ်ပဲ ပြုံးပြီးခေါင်းငြိမ့်ပြပါတယ် .....

EPIPHANY  (Completed)Donde viven las historias. Descúbrelo ahora