27. Pass Over ...

10.9K 1.3K 26
                                    

(Unicode)

ဝတ်ထားတဲ့ Sweater ညိုညိုလေးနဲ့ ဆောင်းဦးရာသီညနေပိုင်းလေးဟာ သိပ်လိုက်ဖက်ကြောင်း အကို့ကို တခုတ်တရ ဖွဲ့ဆိုပြချင်ပြန်တယ် .....

ခြံလေးထဲမှာ အကိုဟာ စက်ဘီးလေထိုးရင်းနဲ့ အလုပ်များနေပြန်တယ် ....

ရိပေါ်ကတော့ ဒီတိုင်း ငြိမ်ငြိမ်လေးထိုင်ရင်း ပရိဘောဂတွေသယ်လာမယ့် ကားကိုထိုင်စောင့်နေတယ် ....

မှန်ပါတယ် ... ရိပေါ်တို့ အိမ်ပြောင်းလာခဲ့ပါပြီ ...

တချို့သော အတိတ်တွေကို အတိတ်နေရာမှာပဲထားခဲ့ရမယ့်အခါ ကောင်းမွန်တဲ့အတိတ်တချို့ကို အမှတ်တရအဖြစ် သယ်ဆောင်လာရမယ် မဟုတ်ပါဘူးလား ...

အိမ်ငယ်လေးဟာ အမှတ်တရ ...
စက်ဘီးညိုညိုလေးဟာ အမှတ်တရ ...
Forget me not လေးတွေဟာ အမှတ်တရ ...

"ရိပေါ် ... ကားကနောက်ကျမယ်ပြောတယ် .... မစောင့်နဲ့တော့ ..."

"အဲ့ဒါဆို ဒီည ဘယ်လိုအိပ်ကြမလဲ ... ကုတင်လည်းမရှိဘူးလေ...."

"ရိပေါ်အိမ်က ရိပေါ်အခန်းမှာ အိပ်ကြမယ်လေ ..."

"အာ ....."

"လာ အခု စက်ဘီးစီးကြမယ် ...."

စက်ဘီးကို လက်တစ်ဖက်ကတွန်းရင်း အကိုက ရိပေါ့် ပုခုံးလေးကို ခပ်ဖွဖွဖက်ကာ ခြံရှေ့ထွက်လာပါတယ် .....

အကိုက စက်ဘီးရှေ့ခုံမှာ နေရာယူရင်း ရိပေါ်ကို တက်လေ ဆိုပြီးပြောတော့ ရိပေါ် ကြောက်ကြောက်နဲ့ပဲတက်လိုက်ရပါတယ် ...

စက်ဘီးမစီးတာကြာပြီဖြစ်တဲ့အကိုက အစမှာ ဟိုယိမ်းဒီယိမ်းဖြစ်နေပေမယ့် ကြာတော့ အဆင်ပြေသွားပုံရပါတယ် ....

ကြောက်လို့ ခါးကိုတိုးဖက်ထားရာမှ ပြန်ဖြည်ဖို့လုပ်တော့ အကိုက လက်ကို အတင်းဆွဲထားတာကလွဲရင်ပေါ့ .....

"ရိပေါ် ....."

"အင်း ....."

"ကိုယ့်ကိုချစ်တယ်လို့ ထပ်ပြောပေးမလား ..."

"ရူးနေလား ...."

အရင်လို ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားတတ်တော့တဲ့ ရိပေါ်က အခုလို မယဉ်မကျေးလေးတွေလည်း ပြောတတ်လာပါတယ် ....

EPIPHANY  (Completed)Where stories live. Discover now