"ဒါဆို တစ်ချိန်တုန်းက ဒီစစ်သူကြီးကို ဒူးထောက်ပြီး သူ့ဖိနပ်တွေကိုလျက်ခိုင်းခဲ့တဲ့ မမလေးဘယ်လိုဖြစ်သွားလဲဆိုတာ ခန့်မှန်းကြည့်။"

စစ်ထူချင်းယွီက နဉ်ရှုနဲ့ စကားပြောချင်နေပုံပေါ်သည်။ ခေါင်းစဉ်က အတော်လေးကိုစိတ်မသက်မသာဖြစ်ဖွယ်ပင်။

"ဒီစစ်သူကြီးက သူမကို ဘယ်လိုလုပ်မလဲဆိုတာ ခန့်မှန်းကြည့်။"

စစ်ထူချင်းယွီက ထိုင်ချလိုက်ကာ နဉ်ရှုကို ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့်ကြည့်လာသည်။ သို့သော်လည်း သူ့မျက်လုံးတွေထဲမှာတော့ ရွံရှာစက်ဆုပ်မှုအပြည့်ပင်။

နဉ်ရှု မျက်တောင်ခတ်ကာပြောလိုက်သည်။

"ရှင် သူမကို လူမဆန်တဲ့နည်းတွေနဲ့ နှိပ်စက်ညှင်းပန်းခဲ့မှာ သေချာတယ်။"

"ဒီစစ်သူကြီးက သူမကို ဝံပုလွေအုပ်ထဲပစ်ချလိုက်တယ်။ ဝံပုလွေတွေက ဆေးခတ်ခံထားရတာကြောင့် သူတို့က သူမအသားတွေကိုစုတ်ဖြဲကြကြီး သူမကို ကာမဆက်ဆံကြတယ်။ ဒါပေမယ့် ဒီစစ်သူကြီးက သူမကို ဒီလောက်မြန်မြန်ကြီးမသေစေချင်တာမို့ သူမက လဝက်လောက်အသက်ရှင်ခဲ့ပြီး တစ်ချိန်လုံးဝံပုလွေတွေရဲ့အောက်မှာ နေခဲ့ရတယ်။ နောက်ဆုံးကျတော့ သူမ သွေးထွက်လွန်ပြီးသေသွားခဲ့တယ်။ သူမသေသွားတဲ့အချိန်မှာ တစ်ချိန်တုန်းက သူမရဲ့ကျက်သရေရှိတဲ့မျက်နှာလေးကိုတောင် ဒီစစ်သူကြီး မမှတ်မိနိုင်တော့ဘူး။"

စစ်ထူချင်းယွီက နဉ်ရှုကိုကြည့်လာသည်။

"ဒီလိုနှိပ်စက်တဲ့နည်းလမ်းမျိုးကို မင်းဘယ်လိုထင်လဲ?"

နဉ်ရှု : ...

သူမ အရမ်းရွံတာပဲ။

ထို့နောက်တွင်မူ စစ်ထူချင်းယွီက ဆက်လက်စကားပြောနေခဲ့သည်။ အတိုချုံးရလျှင်တော့ ဒါတွေက တစ်ချိန်က ဆင်းရဲပြီး ချမ်းသာတဲ့မိသားစုတွေရဲ့မမလေးတွေလက်ထဲမှာ အနိုင်ကျင့်အရှက်ခွဲခံခဲ့ရတဲ့ လူငယ်လေး စစ်ထူချင်းယွီအကြောင်းပင်။ စစ်ထူချင်းယွီက အရပ်ရှည်ပြီးချောမောခန့်ညားတာကြောင့် ချမ်းသာတဲ့မမလေးတွေရဲ့ သူ့ကိုဖိနှိပ်လိုစိတ်ကို အစပျိုးပေးသလိုဖြစ်နေခဲ့သည်။ သူမတို့က သူ့ကို မြေပေါ်မှာဒူးထောက်စေကာ ခွေးလိုဟောင်ခိုင်းသည်။ သူမတို့ရဲ့ ဖိနပ်တွေကိုပင် လျက်ခိုင်းလေ၏။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now