Except_Him 30

966 118 8
                                    

ဝှီးချဲကိုဖြေးဖြေးချင်းတွန်းရင်း ဆေးရုံအဆောက်အဦးကထွက်လာသည့် ဂျုံအင်။
အခုမှလတ်ဆတ်တဲ့လေကိုပြန်လည်ရှုရှိုက်ရတာမို့ မျက်လုံးလေးမှိတ်ထားရင်း တောက်ပစွာပြုံးနေသည့်ဆယ်ဟွန်း။ ဆယ်ဟွန်းကိုယ်ပေါ်လွှမ်းခြုံပေးထားသည့် ခြုံလွှာကို
ညင်ညာစွာပြန်ခြုံပေးသည့်ဂျုံအင်။ နွေဦးလေကလတ်ဆတ်စွာ ရှုရှိုက်လိုက်ရသည့် ရနံ့ကအစ
သင်းပျံ့နေသည်။

'ဟိုနားလေးမှာသွားထိုင်ရအောင်။ '

ဆယ်ဟွန်းမျက်နှာနဲ့အနီးဆုံးကိုကပ်ကာ ဆေးရုံပန်းခြံတွင်းက လူလွတ်နေသည့်ခုံတန်းနေရာကို
လက်ညိုးညွှန်ပြသည့်ဂျုံအင်။ အပြုံးရေးရေးနှင့်ဆယ်ဟွန်းက
ခေါင်းငြိမ့်ပြသည်။

ဆယ်ဟွန်းရဲ့အခြေအနေက အတော်လေးပြန်ကောင်းလာပြီဖြစ်ပေမဲ့ ဆေးရုံဆင်းခွင့်ကတော့မရသေး။ လုံးဝစိတ်ချရသည့် အနေအထားရောက်မှဆင်းခိုင်းချင်သည့် ဂျုံအင့်ဆန္ဒအတိုင်း
ဆေးရုံမှမဆင်းသေးတာကောင်းသည်ဟု အားလုံးကအကြံပြုကြသည်။ ဆေးရုံဆင်းလျှင်လည်း
မည်သည့်အိမ်မှာလိုက်နေရမည်ဆိုတာ အခုထိတိုင်အဖြေထွက်မလာသေးဘူး။

'ကျွန်တော့်ကို ခုံတန်းပေါ်မပွေ့နဲ့တော့ ဒီပေါ်မှာပဲနေတော့မယ်။ '

'ကောင်းပြီ။ '

လူရှင်းသည့်ခုံတန်းနေရာလေးကိုရောက်ချိန် ဂျုံအင်ကပွေ့ချီမည်အပြု လက်နဲ့အသာကိုင်ကာ တားသည့်
ဆယ်ဟွန်း။

'ကိုကို ကျောင်းသွားဖို့စိတ်ကူးမရှိဘူးလား။ '

ခုံတန်းမှာထိုင်နေသည့် ဂျုံအင့်လက်ကိုဆွဲယူလို့ဆုပ်ကိုင်ထားပြီး ပေါင်ပေါ်တင်ထားသည့်ဆယ်ဟွန်း။ ဆယ်ဟွန်းထိုင်နေသည့်
ဝှီးချဲဟာ ဂျုံအင်ထိုင်နေသည့်ခုံတန်းရှေ့မှာ ကန့်လန့်ဖြတ်အနေအထားတည်ရှိနေတာဖြစ်သည်။

'ကိုကို့ချစ်သူကိုတစ်ယောက်တည်းထားပြီး ကျောင်းသွားရမှာလား။ '

မကျေမနပ်အသံလေးနှင့်မေးသည့်ဂျုံအင့်ကို ရယ်သည့်ဆယ်ဟွန်း။

'မေမေရှိတာပဲကို။ '

'အန်တီလည်းပင်ပန်းနေတယ်လေ။ အသက်အရွယ်ရလာပြီမဟုတ်လား။ ကိုကိုကမင်းကို
တစ်ယောက်တည်းလျှောက်တွေးနေမှာမလိုလားဘူး။ '

Except_Him[KaiHun]Where stories live. Discover now