Except_Him 1

4.8K 306 26
                                    

Zawgyi
#KaiHun #Sekai

နာရီနှိုးစက်သံအကူမလိုပါဘဲ နေ့စဉ်နိုးနေကျအချိန်
ငါးနာရီခွဲဆိုလျှင် သူနိုးပြီဖြစ်သည်။ပျင်းရိခြင်းမရှိထလိုက်ပြီး
ရေချိုးခန်းထဲဝင် မျက်နှာသစ်၊သွားတိုက်လုပ်ပြီးတာနဲ့
အားကစားဝတ်စုံအဖြစ် ဘေးစင်းဘောင်းဘီရှည်နဲ့
အားကစားတီရှပ်တစ်ထည်ကို သူရွေးဝတ်လိုက်တယ်။
မျက်မှန်ကူမှကောင်းကောင်းမြင်ရသည့် သူ့မျက်လုံးအခြေအနေကြောင့် မျက်မှန်မဝိုင်းတဝိုင်းကိုယူတပ်။
နားကြပ်တပ်၊ သီချင်းဖွင့်ပြီး အပြေးဖိနပ်တစ်ရံကိုရွေးပြီး
တိုက်ခန်းအောက်ကို သွက်သွက်ဆင်းလာခဲ့လိုက်သည်။

မနက်စောစောထခြင်းဟာ စိတ်ကိုကြည်လင်စေတယ်။
မနက်စောစောထပြေးခြင်းဟာ ကျန်းမာရေးအတွက်
ကောင်းသည်။

သူ့အတွက်ကတော့ လူရှင်းနေချိန် စိတ်လွတ်ကိုယ်လွတ်လျှောက်ပြေးရတဲ့ အရသာကိုနှစ်သက်တာဖြစ်တယ်။
စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။ လူရှုပ်သည့်နေရာတွေကို
သဘောမကျသည့်သူ့အတွက် သဘာဝအလှကိုလည်း
ကောင်းကောင်းကြည့်လို့ရတယ်။

သူငှားနေသည့်တိုက်ခန်းက ပန်းခြံနှင့်နီးသည်။
ပြေးလို့ကောင်းသည်မို့ သူနေရာအရွေးမှန်သည်ဟုထင်မိသည်။

ပန်းခြံကိုတစ်ပတ်ပြေး၊ တိုက်ခန်းဆီပြန်လာပြီး
ရေချိုး။ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ပြီး၊ ဘယ်နေရာထားမိမှန်းမသိသည့် မျက်မှန်ကို တိုက်ခန်းအတွင်းဗြောင်းဆန်အောင်ရှာပြီးတပ်ရသည်။

လွယ်အိတ်ကိုလွယ်လျှက်ပဲ မနက်စာကိုတော့ ပေါင်မုန့်နဲ့
နို့ဒါမှမဟုတ် ကော်ဖီတစ်ခွက် ကိုမတ်တပ်ရပ်လျက်ပဲစားတတ်တဲ့ အကျင့်ဟာ သူ့အတွက်ဖျောက်ဖျက်မရပေ။ တခါတရံ ပေါင်မုန့်တစ်ချပ်နဲ့
ကော်ဖီခွက်ကိုင်ပြီး ဝရံတာဘက်ထွက်လို့ ဟိုဟိုဒီဒီသွားလာ
လှုပ်ရှားနေသည့် သက်ရှိတွေရဲ့လှုပ်ရှားမှုကိုကြည့်ဖြစ်တာမျိုးလည်း ရှိပါရဲ့။

မနက်စာစားလို့ပြီးတာနဲ့ အဝတ်အစားနဲ့လိုက်သည့်
ဖိနပ်စင်က ဖိနပ်တစ်ရံကို ရွေးဝတ်ပြီး တိုက်ခန်းအောက်က
စက်ဘီးတွေထားသည့်နေရာကို သွက်သွက်ပင်ဆင်းခဲ့လိုက်သည်။

Except_Him[KaiHun]Where stories live. Discover now