Except_Him 29

934 124 8
                                    

'ငါ့ကိုဆယ်ဟွန်းကိုကြည့်ခွင့်ပေးပါ။!! '

လုံခြုံရေးတွေဆွဲခေါ်ခြင်းကိုခံရရင်း အော်ဟစ်နေသည့်
ဂင်မ်ဝူရှစ်။ လုံခြုံရေးနှစ်ယောက်ရဲ့လက်ထဲက ရုန်းနေသည့်
ဂင်မ်ဝူရှစ်က အော်ဟစ်ငိုယိုနေသေးသည်။ ဆေးရုံအဝင်ဝမို့
လူတွေက တကြည့်ကြည့်။ ဒါပေမဲ့ ဂင်မ်ဝူရှစ် မရှက်နိုင်ဘူး။
သူ့အာရုံအသိထဲမှာ ဆယ်ဟွန်းသာရှိနေသည်။ သူ့မိုက်မဲမှုကြောင့် ထိခိုက်သွားသည့် ဆယ်ဟွန်းကိုသာ သူတွေ့ချင်နေသည်။

'ဆယ်ဟွန်းကို ကြည့်မယ်လို့ !!!'

'တော်တော့ ဂင်မ်ဝူရှစ်!!'

ဆေးရုံထဲကနေ ခြေလှမ်းကျဲကျဲလှမ်းရင်းထွက်လာသည့်
ဂျုံအင်က လက်သီးကျစ်ကျစ်ဆုပ်ထားရင်း အကြည့်တွေက
စူးရဲစွာ။မျက်ရည်တွေလဲ့နေသည့်မျက်ဝန်းတွေက နီရဲနေပြီး အသက်ရှုသံပြင်းကာ လည်တိုင်ရှင်းရှင်းက အကြောတွေ ထိုးထောင်နေခြင်းက မည်မျှဒေါသထွက်နေသည်ဆိုတာ သိသာနေသည်။

ဗုန်း !!

'အား !!!'

ညာခြေထောက်ကိုမြှောက်ရင်း လုံခြုံရေးနှစ်ယောက်လက်ထဲမှာရုန်းကန်နေသည့် ဂင်မ်ဝူရှစ် ရင်ဘတ်ကိုဆောင့်ကန်ပစ်သည့် ဂျုံအင်။ လုံခြုံရေးနှစ်ယောက်လက်ထဲကလွတ်ထွက်သွားကာ
မြေပေါ်ပစ်လှဲသွားသည့် ဂင်မ်ဝူရှစ်က တော်တော်နှင့်ပြန်မထနိုင်။

'အ !!'

မှောက်လဲနေရင်းက တစ်ဖက်သို့
မျက်နှာလှည့်မိချိန် တိုးဝင်လာသည့် လက်သီးတစ်ဖက်။

'အယုတ်တမာကောင် !'

'အ ! အ ! အွတ် !'

'ဆယ်ဟွန်းကိုထိခိုက်အောင်လုပ်ထားပြီး... မင်းက ...မင်းက
ဆယ်ဟွန်းကို ကြည့်ဖို့ ထိုက် တန် သေးတယ်များ ထင်နေလား ဟမ်!!'

'အား !'

မှောက်နေသည့် ဂင်မ်ဝူရှစ်ရဲ့အင်္ကျီစကိုဆွဲကိုင်ကာလှည့်ပစ်ရင်း လက်သီးနဲ့အဆက်မပြတ်ထိုးနေသည့် ဂျုံအင်။
ဂျုံအင့်မျက်လုံးထောင့်တွေက နီရဲနေပြီး မျက်လုံးထဲမှာ ဘာမှမမြင်ဘဲ ဂင်မ်ဝူရှစ်ကိုသာ ထိုးနှက်ချင်နေသည့်ပုံ။

Except_Him[KaiHun]Where stories live. Discover now