Except_Him 23

984 157 31
                                    

ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်သည်။ မေမေ့ဆီ ဆယ်ဟွန်းကို
ခေါ်သွားပေးမယ် ပြောဖူးပေမဲ့ အခုမှအကောင်အထည်ဖော်ရတော့မည်။ အန်တီဟွာယောင်းဆီ ခွင့်တောင်းမိသည့်အခါ ခွင့်ပြုတာမို့
မနက်အစောပိုင်းတည်းက သွားကြဖို့ ဂျုံအင် စီစဉ်ပြီးဖြစ်သည်။ ကားထုတ်ကာ တိုက်ခန်းရှေ့မှာစောင့်နေရင်း အနောက်တိုင်းဝတ်စုံပြည့်ဖြင့်
ပြေးလာသည့် ဆယ်ဟွန်းကိုမြင်ချိန် ဂျုံအင် မှင်သက်နေမိသည်။ အမြဲလိုလို ပေါ့ပေါ့ပါးပါးဝတ်စားတတ်သည့် သူ့ကောင်လေးဟာ
အနောက်တိုင်းဝတ်စုံပြည့်နှင့် ခန့်ညားစွာကြည့်ကောင်းနေခဲ့သည်။

'ကိုကို ဘာလို့အဲ့လိုကြည့်နေရတာလဲ '

'ဘယ်လိုကြည့်လို့လဲ '

'ပြုံးရိပ်ရိပ်နဲ့စိုက်ကြည့်နေတာလေ '

ခါးပတ်ပတ်ရင်း ဆယ်ဟွန်းပြောသည့်အခါ ဂျုံအင်မျက်ခုံးပင့်ပြလိုက်မိသည်။ သူ့ကောင်လေးက အရမ်း
ကြည့်ကောင်းပြီး ချောနေတော့ သူအကြည့်မလွှဲနိုင်ဖြစ်သွားတာ ဝန်ခံပါသည်။

'ကိုကို့ကောင်လေးက အရမ်းချောနေလို့ပါ '

ကားစက်နှိုးလိုက်ရင်း ဂျုံအင်ပြောမိသည့်အခါ ဆယ်ဟွန်းက
ပခုံးလေးတွန့်ကာရယ်သည်။ ဆယ်ဟွန်းရဲ့ခန့်ညားတဲ့ပုံရိပ်
ဟာ ဂျုံအင့်အတွေးထဲမှာ တဝဲလည်လည်။ တီရှပ်တွေ၊
အားကစားဝတ်စုံတွေနှင့်သာ အမြင်ရင်းနှီးခဲ့သည့် သူ့ကောင်လေးကို ဝတ်စုံပြည့်နှင့် ပထမဆုံးမြင်ရသည်မို့
ကိုယ့်ကောင်လေးကိုကိုယ် ပြန်ရင်ခုန်နေရသည့်အဖြစ်။
ဆယ်ဟွန်းနဲ့မရင်းနှီးခင်တုန်းကလို ခပ်စူးစူးအကြည့်တွေသာ
ထပ်ပေါင်းမည်ဆိုလျှင် သူ့ကောင်လေးမှာ အရှိန်အဝါတစ်ခုရှိနေတာကို ခံစားရမည်ဟု ဂျုံအင်တွေးနေမိသည်။

ဆယ်ဟွန်းဘက်ကိုလှည့်ကြည့်မိသည့်အခါ ကားအပြင်ဘက်ကိုငေးမောနေတာကိုတွေ့ရသည်။
လက်ချောင်းအချင်းကုတ်ခြစ်နေသည်ကိုမြင်ရသည့်
အခါ ဂျုံအင်အသံမထွက်အောင်ရယ်မိတယ်။ အဲ့ဒီအပြုအမူဟာ ဆယ်ဟွန်းအနေခက်ရင် ပြုမူသည့်အပြုအမူဆိုတာ ဂျုံအင်သတိထားမိနေတာကြာပြီဖြစ်သည်။

Except_Him[KaiHun]Where stories live. Discover now