Except_Him 20

1.1K 162 34
                                    


ဒီနေ့ကဆယ်ဟွန်း ကျောင်းပိတ်ရက်လေ့ကျင့်လေးဆင်းရမဲ့ပထမဆုံးနေ့ဖြစ်ပြီး
ဂျုံအင်လည်းအားနေတာမို့ လေ့ကျင့်သည့်နေရာအထိ
လိုက်စောင့်ဖို့ဂျုံအင်ပြင်ဆင်ပြီးပြီဖြစ်သည်။ နှစ်ယောက်လုံးရဲ့နှလုံးသားတွေဟာ မပြောင်းမလဲရှိနေမှာ
အသေအချာဖြစ်ပေမဲ့ အနာဂတ်မှာဘာတွေဖြစ်လာမလဲမသိနိုင်တာမို့ အတူရှိနေချိန်မှာ တတ်နိုင်သလောက်ကောင်းကောင်းနေကြဖို့ကို ဖွင့်မပြောဖြစ်ကြပေမဲ့ စိတ်ထဲကသိကြသည်။

'ကိုကို သွားကြစို့ '

'အင်း '

တိုက်ခန်းထဲတောင်မဝင်တော့ဘဲ တံခါးဖွင့်လို့လှမ်းခေါ်တဲ့
ဆယ်ဟွန်း။ လွယ်အိတ်ကိုကောက်လွယ်ခဲ့လိုက်ပြီး ဂျုံအင်ထွက်ခဲ့လိုက်သည်။ အားကစားဝတ်စုံကိုဝတ်ထားပြီး
အပေါ်အင်္ကျီတစ်ထပ်သာထပ်ဝတ်ထားတဲ့ ဆယ်ဟွန်းက
လွယ်အိတ်ကိုသိုင်းလွယ်ထားသည်။ ဂျုံအင်က ခေါင်းအစခြေအဆုံးသေချာကြည့်နေတာမို့ ဆယ်ဟွန်းကသူ့ကိုယ်သူပြန်ကြည့်သည်။

'ဘာလို့လဲ ကိုကို ဘာလို့ကျွန်တော့်ကိုသေချာကြည့်နေတာလဲ '

'ဒီ အားကစားဘောင်းဘီတိုတိုလေးဝတ်လာတယ်။ ဘာလဲ ~~ မင်းကနာမည်ကြီးဆိုပြီး အလှပြချင်တာလား '

လက်ညိုးတထိုးထိုးနဲ့ပြောနေတဲ့ဂျုံအင့်လက်ကို ဆယ်ဟွန်းကဖမ်းဆုပ်လိုက်ပြီး သူ့ရင်ဘတ်နားမှာကပ်ထားသည်။

'ကိုကိုက သဝန်တိုတာလား ဟုတ်တယ်မလား '

'မဟုတ်ဘူး !! အရမ်းကြည့်ကောင်းလို့မနာလိုတာ အိုကေ '

ဖမ်းထားတဲ့လက်ကိုရုန်းပစ်ပြီး ရင်ဘတ်ကိုရိုက်ကာအရှေ့က
ထွက်သွားတဲ့ဂျုံအင့်ကို ဆယ်ဟွန်းကရယ်ပြီးမှီအောင်လိုက်သည်။

'နောက်နေ့ဟိုရောက်မှအဝတ်အစားလဲပါတော့မယ် ကျွန်တော်ကတိပေးတယ် '

ဘေးနားကနေနည်းနည်းခွာလျှောက်ပြီး လက်မနဲ့လက်သန်းကိုထောင်ပြကာ ကတိပေးသည့်ပုံစံလုပ်ပြနေသည့်ဆယ်ဟွန်း။ ဂျုံအင် မကြည့်ကြည့် ကြည့်ပေးလိုက်ပြီးမှ ရယ်မိသည်။
ဒီကောင်လေးကတစ်ချိန်လုံးသူ့ကိုပြုံးအောင်လုပ်နေတာ။

Except_Him[KaiHun]Where stories live. Discover now