Except_Him 21

1K 167 50
                                    


ဂျုံအင် ဆိုဖာပေါ်မှာထိုင်ပြီး ဆယ်ဟွန်းရဲ့အခန်းပတ်ပတ်လည်ကို သေချာကြည့်နေမိသည်။ ရှင်းလင်းနေသည့် အခန်း။ မီးဖိုချောင်မှာလည်းဘာမှမရှိ။ တစ်ခါမှကိုယ့်ဘာသာချက်မစားဖူးဘူးထင်သည်။

'သေချာစဉ်းစားကြည့်တော့ ငါ မင်းအခန်းကိုပထမဆုံးရောက်ဖူးတာပဲ '

ဆိုဖာပေါ်မှာ ဆယ်ဟွန်းနဲ့ဘေးချင်းကပ်ထိုင်နေရာက
ဂျုံအင်မတ်တပ်ရပ်လိုက်သည်။ အခန်းကိုသေချာစေ့စေ့စပ်စပ်လိုက်ကြည့်နေတဲ့ ဂျုံအင့်ကို
ဆယ်ဟွန်းက နောက်ကလိုက်ကြည့်နေတယ်။ ဂျုံအင်
ရေခဲသေတ္တာကိုဖွင့်ကြည့်မိချိန် စားစရာအနည်းငယ်ရှိ၍
တော်သေးသည်ဟုတွေးမိသည်။

'ငါအခုစိတ်မကောင်းဖြစ်နေတယ်။ မင်းကိုအရမ်းလျစ်လျူရှူခဲ့မိသလိုပဲ '

လက်နောက်ပစ်ပြီး ပြောနေတဲ့ဂျုံအင့်ကို ဆယ်ဟွန်းကဘာမှပြန်မပြောဘဲ ပြုံးပြီးကြည့်နေသည်။
ကျွန်တော်အကုန်နားလည်တယ်ဆိုသည့်သဘောသက်ရောက်နေသည့် အကြည့်တွေကိုလည်း ဂျုံအင်သိသည်။

ဆယ်ဟွန်းအခုအချိန်မှာ
အရမ်းပျော်နေတယ်။ ကိုကိုကသူ့ကိုအရင်လာချော့သလို၊
ကိုကို့စိတ်ရင်းကိုလည်းသူမြင်ရပြီ။ သံသယတွေ စိုးရိမ်စရာတွေမရှိတော့ဘူးဟု ဆယ်ဟွန်းထင်သည်။

'မင်းအိပ်ခန်းထဲဝင်မယ် '

'ခဏလေး ကိုကို '

အိပ်ခန်းထဲဝင်ဖို့ခြေလှမ်းပြီးဖြစ်တဲ့ ဂျုံအင့်ကိုနောက်ကလှမ်းဆွဲလိုက်တဲ့ ဆယ်ဟွန်း။

'ဟို ကိုကို တကယ်ပဲ ကျွန်တော့်အိပ်ခန်းထဲဝင်ချင်တာလား '

မဝံ့မရဲလေးနဲ့မေးလာသည့် ဆယ်ဟွန်းကို ဂျုံအင်က
မယုံသင်္ကာနှင့်ကြည့်သည်။ ဆယ်ဟွန်းက တစ်ခုခုကိုသိုဝှက်ထားသလို အသက်မဝင်စွာပြုံးပြတဲ့အခါ
ဂျုံအင်ကလက်ကိုလွှတ်ချပြီး အိပ်ခန်းတံခါးကိုဆွဲဖွင့်တယ်။
အိပ်ခန်းထဲဝင်လိုက်ချိန် မြင်လိုက်ရတာတွေကြောင့်
အံ့သြခြင်းနဲ့အတူ ဂျုံအင့်ရဲ့နှလုံးသားကနွေးထွေးလာရသည်။
သူ့အရှေ့တည့်တည့်ကနံရံမှာကပ်ထားသည့် သူ့ပုံတွေ။
တအံ့တသြနှင့်ကြည့်နေမိရင်းက ဂျုံအင့်ရဲ့နှုတ်ခမ်းက
တဖြေးဖြေးတွန့်ချိုးလာရသည်။ ဘေးနားမှာ ရှက်သလိုပုံစံလေးနဲ့ ငိုမလိုပြုံးမလိုမျက်နှာလေးနဲ့လာရပ်သည့် ဆယ်ဟွန်းကိုတစ်ချက်ကြည့်လိုက်ပြီး ဂျုံအင်မျက်ရည်တွေဝဲလာရသည်။

Except_Him[KaiHun]Where stories live. Discover now