Except_Him 26

1K 165 52
                                    

*ကိုကို ခုံတန်းရှည်မှာစောင့်နေမယ် *

အတန်ထဲကထွက်ထွက်ချင်း ဂျုံအင်စာပို့ကာ ရှေ့ကသွားနှင့်ပြီဖြစ်သော မင်ဂျောင်းနဲ့ဂန်မင်းကို အမှီလိုက်ပြီး နှစ်ယောက်ကြားဝင်ရပ်လိုက်သည်။ အံကြိတ်ပြလာတဲ့ မင်ဂျောင်းကို ဂျုံအင်ကလျှာထုတ်ပြောင်ပြတယ်။

'မင်းငါတို့နဲ့မလိုက်ဘဲ ဆယ်ဟွန်းကိုစောင့်အုံးမှာမလား '

'ုသေချာတာပေါ့ '

မင်ဂျောင်းက ဟွန်းဟုဆိုကာမျက်နှာဆူပြီး တစ်ဖက်လှည့်ထားသည်။ မင်ဂျောင်းဘာလုပ်လုပ် အပြုံးမပျက်တဲ့ ဂန်မင်းနဲ့ဂျုံအင်က အကြည့်ချင်းဆုံပြီး
မျက်ခုံးပင့်ကြတယ်။

'စိတ်မဆိုးပါနဲ့ကွာ ငါအခုတလောအလုပ်တွေရှုပ်ပြီး ဆယ်ဟွန်းနဲ့သိပ်မတွေ့ရတာသိရဲ့သားနဲ့ '

'တော်စမ်းပါ '

ဂျုံအင်ကစိတ်ရှည်ရှည်နဲ့ရှင်းပြပေမဲ့ မင်ဂျောင်းကတော့ မျက်နှာကိုဆူထားတုန်းပဲ။ ဂျုံအင်သက်ပြင်းချရုံသာတတ်နိုင်တော့သည်။ ဘတ်စ်ကတ်ဘောဖိုင်နယ်ပြိုင်ပွဲနေ့ကလွဲ အခုတလော
ဆယ်ဟွန်းနဲ့အတူရှိမနေနိုင်တဲ့နေ့တွေများနေတာမို့
သူ့ကောင်လေးကို ဂျုံအင်လွမ်းလှပြီ။မင်ဂျောင်းကနားလည်ရက်နဲ့ သက်သက်မဲ့ဆိုးသည်။

ပထမနှစ်အခန်းနဲ့အနီးဆုံး ခုံတန်းနေရာမှာ ဂျုံအင်နေခဲ့လိုက်ပြီး မင်ဂျောင်းကိုသူ့အစားချော့ပေးဖို့ ဂန်မင်းကိုမှာရသည်။ လက်ထပ်ပွဲအတွက်လက်စွပ်လိုက်ရွေးပေးဖို့
အဖော်ခေါ်မရသည့်အဆုံး မကျေနပ်သည့် မင်ဂျောင်းကတော့ ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားသည်။တကယ်ဆိုလည်း သူတို့နှစ်ယောက် လက်ထပ်လက်စွပ်ရွေးတာ လိုက်ပေးစရာမှမလိုတာ။
သက်သက်မဲ့ အားကျပြီးမခံမရပ်ဖြစ်နေရမှာ။

ခုံတန်းမှာထိုင်လိုက်ပြီး ကျောင်းဝန်းအတွင်းက သွားလာလှုပ်ရှားမှုတွေကို ဂျုံအင်ငေးနေမိသည်။ ပြုံးရယ်နေကြတဲ့သူတွေ၊ ကစားနေကြသည့်သူတွေ၊ စိတ်နဲ့လူ
မကပ်သည့်သူတွေ။ ပုံမှန်မြင်တွေ့နေကျလူတွေပေမဲ့
မြင်ရသည့်ပုံစံတွေကတော့ တချို့ကပြောင်းလဲသွားကြသည်။

Except_Him[KaiHun]Where stories live. Discover now