Except_Him 5

1.7K 243 39
                                    

Zawgyi

#KaiHun #Sekai

'ကိုကို !!'

အသံကျယ်ကျယ်ခေါ်သံကြောင့် ဂျုံအင့်ရဲ့ခြေလှမ်းတွေတုံ့ခနဲ။ ဒီကောင်လေးကတော့
သူ့ကိုဘာတွေပြုံးအောင်လုပ်အုံးမလဲမသိပေ။ဂျုံအင်စက်ဘီး
ကိုကိုင်ထားလျက် နောက်ကိုလှည့်ကြည့်မိချိန် သူ့ဆီကိုပြေး
လာနေတဲ့ကောင်လေး။

'ကိုကို '

အနားရောက်တာနဲ့ သွားတွေအကုန်ပေါ်အောင်ရီပြပြီး
သူ့နာမ်စားကိုခေါ်လာပြန်တဲ့ကောင်လေး။
နက်ရှိုင်းလွန်းတယ်လို့သူမှတ်ချခဲ့တဲ့မျက်ဝန်းတွေဟာလည်း
အခုလိုငေးမောချင်စရာကောင်းအောင် ပြုံးတတ်သေးသည်။
အဲ့ဒီကောင်လေးရဲ့အပြုံးမျက်ဝန်းကသိပ်ကိုဖြူစင်တာပဲ။

'ဘာလဲ ဘာလုပ်မလို့ခေါ်နေတာလဲ '

'ကျောင်းတူတူသွားရအောင်လေ '

အဲ့ဒီကောင်လေးကြည့်ရတာတက်ကြွနေတာပဲ။
သူနဲ့ပထမဆုံးတွေ့တုန်းကတွေလို ခပ်တည်တည်မျက်နှာထား၊အကြည့်စူးစူးနဲ့ကောင်လေးက
ဒီအိုဆယ်ဟွန်းဆိုတဲ့ကောင်လေး ဟုတ်ရဲ့လားလို့တောင်
သူမေးချင်သည်။ ပြုံးရွှင်ပြီးတက်ကြွနေလိုက်တာ။

'မသွားဘူး ငါကစက်ဘီးနဲ့သွားမှာ '

တူတူသွားရအောင်ဆိုတဲ့ တောင်းဆိုချက်ကြောင့်
ရင်ထဲသိမ့်ခနဲဖြစ်သွားခဲ့တာ သူဝန်ခံချင်ပေမဲ့ ငြင်းပယ်မိတယ်။ဒီကောင်လေးနဲ့ရင်းနှီးချင်သည့်တိုင်
အဲ့ဒီကောင်လေးနဲ့မနီးစပ်ချင်ပြန်ဘူး။

'ကျွန်တော်အနောက်ကလိုက်စီးမယ်လေ '

'ငါကလူကိုတင်မနင်းဘူး '

'ဒါဆိုကျွန်တော့်ကို ကြက်ပေါက်လေးလို့သဘောထားလိုက် '

ပြုံးပြုံးရွှင်ရွှင်ပင် ခွန်းတုံ့ပြန်ပြောလာတဲ့ အိုဆယ်ဟွန်းကြောင့် ဂျုံအင်မျက်ခုံးပင့်မိတယ်။
ကြက်ပေါက်လေးလို့သဘောထားလိုက်လို့ပြောတဲ့
အဲ့ဒီကောင်လေးက အခုမှကြက်ပေါက်လေးနဲ့တူလာသလိုပဲ။

'မင်းရူးနေတာလား ကြောင်တောင်တောင်နဲ့ ငါလည်းငါ့ဘာသာသွားမယ် မင်းလည်းမင်းဘာသာသွား '

Except_Him[KaiHun]Where stories live. Discover now