Except_Him 3

1.8K 271 75
                                    

zawgyi

#KaiHun #Sekai

ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်သည်။ ဂျုံအင်အပြင်ထွက်ပြီးလိုအပ်တာတွေ ဝယ်ဖို့တွေးထားသည်။ ကျေးဇူးရှင်သူငယ်ချင်းနှစ်ယောက်က လိုက်ရှုပ်အုံးမည်ဖြစ်သည်။ ဂျုံအင့်ကိုတစ်ယောက်တည်းအထီးမကျန်စေချင်တဲ့ မင်ဂျောင်းနဲ့ ဂန်မင်းက အမြဲလိုလို ဂျုံအင့်ကိုယ်ပိုင်အချိန်တွေကိုလိုက်ရှုပ်စမြဲ။

သူ့ကိုနားလည်ပေးနိုင်ပြီး အရမ်းလည်းခင်မင်ကြသူတွေမို့
မင်ဂျောင်းနဲ့ဂန်မင်းကိုတော့ ဂျုံအင်စိတ်ရင်းနှင့်ခင်သည်။

ပေါ့ပေါ့ပါးပါး တီရှပ်အဖြူလက်တိုနဲ့စတိုင်ပန်နက်ပြာရောင်ကို
တွဲဝတ်ပြီး ဘေးလွယ်အိတ်ကိုသိုင်းလွယ်ပစ်လိုက်သည်။ဘေးလွယ်အိတ်မှာ ချိတ်ထားတဲ့ဝက်ဝံရုပ်သော့ချိတ်လေးကို တစ်ချက်တို့ဆော့လိုက်ပြီး ပိုက်ဆံအိတ်နဲ့ဖုန်းကို လွယ်အိတ်ထဲထည့်ကာ အခန်းထဲကထွက်လာခဲ့လိုက်တယ်။

ဓာတ်လှေကားမစီးဘဲ အောက်ကိုဆင်းနေကျအတိုင်းလှေကားကနေသာဆင်းခဲ့လိုက်ပြီး ဒီတိုက်ခန်းပိုင်ရှင်ရဲ့ရုံးခန်းကို ဂျုံအင်ဦးတည်လိုက်သည်။သူ့သူငယ်ချင်းနှစ်ယောက်ကသူ့ကိုလာခေါ်မှာဖြစ်ပြီးဖုန်းမဆက်သေးတာမို့ ရေပိုက်ပျက်နေကြောင်းတိုက်ခန်းပိုင်ရှင်ကို ပြောဖို့အချိန်ရေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဓာတ်လှေကားမစီးဘဲ အောက်ကိုဆင်းနေကျအတိုင်း
လှေကားကနေသာဆင်းခဲ့လိုက်ပြီး ဒီတိုက်ခန်းပိုင်ရှင်ရဲ့ရုံးခန်းကို ဂျုံအင်ဦးတည်လိုက်သည်။
သူ့သူငယ်ချင်းနှစ်ယောက်ကသူ့ကိုလာခေါ်မှာဖြစ်ပြီး
ဖုန်းမဆက်သေးတာမို့ ရေပိုက်ပျက်နေကြောင်းတိုက်ခန်းပိုင်ရှင်ကို ပြောဖို့အချိန်ရ
သေးသည်။

'ဝင်ခဲ့ပါ '

ဂျုံအင် တံခါးတစ်ခါသာခေါက်ရသေးသည်။ ဝင်ခဲ့ဆိုသော
စကားကြောင့် တံခါးဖွင့်ကာဝင်သွားလိုက်တော့
သူ့ကိုပြုံးပြလျက်ဆီးကြိုနေသော တိုက်ခန်းပိုင်ရှင်အန်တီ။

Except_Him[KaiHun]Where stories live. Discover now