Except_Him 16

1.3K 164 33
                                    

#KaiHun

recommend song __Stay With Me

ကိုကို့ကို ကျွန်တော်ပထမဦးဆုံးပြောချင်တာက ဒီစာက ကိုကို့အတွက် ကျွန်တော်နောက်ဆုံးရေးတဲ့စာပါ။

ကိုကို့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်ကျေနပ်စွာနဲ့ခံယူမဲ့အကြောင်း ရေးထားတဲ့စာလေးပေါ့။

ကျွန်တော်က ကျွန်တော့်အချစ်ကြောင့် ကျွန်တော်ချစ်တဲ့သူကိုရော ကျွန်တော့်ကိုယ်ကိုတိုင်ရော
အေးချမ်းစေချင်တဲ့ဆန္ဒပဲရှိတာ။

ကျွန်တော့်ကို့ ကိုကိုပြန်မချစ်နိုင်ရင်တောင် ကျွန်တော်ပြုံးနေနိုင်ဖို့ပြင်ဆင်ပြီးသားကိုကို။

အဲ့ဒါကို ကြိုအရှုံးပေးထားတယ်လို့ ကိုကိုဆိုချင်လည်းရပါတယ်။
ကျွန်တော်ကတော့ ကျွန်တော့်အချစ်ကြောင့် မနာကျင်စေဖို့
ပြင်ဆင်ထားခဲ့ရုံပါ။

ကျွန်တော့်ကိုကိုကိုပြန်မချစ်နိုင်ရင်တောင် ကိုကို့ဘေးနားမှာ
ကျွန်တော်နေနိုင်ဖို့ ကျွန်တော်အများကြီးကြိုးစားခဲ့ရတယ်။

ကျွန်တော် ကိုကို့ဘေးနားကိုရောက်အောင် ဘယ်လိုသွားရမလဲစဉ်းစားတယ်။

ကျွန်တော့်ခံစားချက်တွေကို ဖွင့်ဟခဲ့ရင်တောင်
ကိုကိုနဲ့စိမ်းမသွားဖို့ နည်းလမ်းကိုကျွန်တော်ရှာတယ်။

နောက်တော့ ကိုကိုနဲ့ရင်းနှီးအောင် တဖြေးဖြေးကြိုးစားပြီး
သဘောကျကြောင်းကိုဖြေးဖြေးချင်းဖွင့်ဟပြဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

ကိုကို့အနားမှာ ဂျူနီယာတစ်ယောက်အဖြစ်ရော၊ ကိုကို့ကို
သဘောကျတဲ့ကောင်လေးတစ်ယောက်အဖြစ်နေနိုင်ဖို့
ကျွန်တော့်ရဲ့စိတ်ရင်းကို ရိုးရိုးရှင်းရှင်းချပြဖို့ကလွဲပြီး
ကျွန်တော်နည်းလမ်းရှာမတွေ့ဘူး။

ကျွန်တော် ကိုကိုနဲ့ရင်းနှီးအောင် ကပ်ပါးကောင်လေးလိုပဲ
ကျွန်တော်ကြိုးစားတယ်။

Except_Him[KaiHun]Where stories live. Discover now