Except_Him 4

1.8K 256 36
                                    

Zawgyi

#KaiHun #Sekai

ကျောင်းသွားဖို့ပြင်ဆင်နေရင်း လွယ်အိတ်ကသော့ချိတ်လေးကို အကြည့်ရောက်သွားမိကာ
ဂျုံအင်ပြုံးမိသည်။ သူအရမ်းနှစ်သက်တဲ့ ဒီသော့ချိတ်လေးကို
သူ့ဆီပြန်ပို့ပေးခဲ့သည့်ကောင်လေးကတော့ လေ့ကျင့်ဖို့သွားရမည်ဆိုကာ သူ့လက်ထဲအရောက်ထည့်ပေးသွားပြီး ပြေးထွက်သွားခဲ့သည်။ သူ့မှာကျေးဇူးတင်စကားတောင်မပြောလိုက်ရ။
နှစ်ရက်လုံးလုံး ဝရန်တာကနေစောင့်ကြည့်နေခဲ့ပေမဲ့
ထိုအရိုင်းကောင်လေး အင်း..အိုဆယ်ဟွန်းကို မတွေ့မိ။

~ကျေးဇူးတင်စကားလေးပြောဖို့ပဲဖြစ်ဖြစ် မင်းနဲ့ဆုံချင်သေးတယ် အိုဆယ်ဟွန်း~

လှေကားကနေဆင်းရင်း ကိုကို ဟူသောခေါ်သံကို
ကြားယောင်လာမိ၍ နဖူးကိုတဖက်ဖက်ရိုက်ရင်း ခေါင်းခါမိသည်။

လူတစ်ယောက်ရဲ့အပြုအမူ၊ အသံတွေကို ဒီလောက်ထိ
အာရုံရောက်ပြီးစွဲလမ်းတာမျိုး သူ့မှာမရှိဖူးဘူး။ ဂင်မ်ဂျုံအင်ဆိုတာက တခြားသူတွေကိုအာရုံမစိုက်ဘဲ
ကိုယ့်ဘဝကိုကိုယ်ကျေနပ်အောင်နေတတ်တဲ့သူပဲ။
ဒီကောင်လေးနဲ့ကျမှ အိုဆယ်ဟွန်းဆိုသောကောင်လေးနဲ့ကျမှ သူ့အာရုံတွေက
အလိုလိုအဲ့ဒီကောင်လေးဆီရောက်နေတာ။

ရေစက်လား ဘာလားဆိုတာ ဂျုံအင်မသိဘူး။
ထိုကောင်လေးနဲ့စတွေ့တဲ့နေ့ကစပြီး သူ့နေ့စဉ်ဘဝဟာ
အသက်ဝင်လာသလိုပဲ ရင်ခုန်စရာလေးဖြစ်လာတယ်။

တချို့တွေက တစ်စုံတစ်ယောက်ကိုချစ်မိကြတယ်။
တချို့တွေက တစ်စုံတစ်ယောက်ကိုလွမ်းမောကြတယ်။
တချို့တွေက တစ်စုံတစ်ယောက်ကိုမျှော်လင့်ကြတယ်။
အဲ့ဒီလိုခံစားမှုတွေနဲ့ တချို့သောလူသားတွေက သူတို့ရဲ့
နေထိုင်မှုကို အသက်ဝင်စေတယ်။

သူကရော သူကရော အိုဆယ်ဟွန်းဆိုသောကောင်လေး
အပေါ်ဘယ်လိုခံစားမှုမျိုးနဲ့ သူ့နေ့ရက်တွေကိုအသက်ဝင်စေ
သလဲသူမသိဘူး။

ရင်ထဲတသိမ့်သိမ့်ခံစားမိပြီး စိတ်လိုလက်ရပြုံးနေမိတာတော့
အမှန်ပါပဲ။ဒီနေ့စက်ဘီးစီးရတာတောင် ပိုပြီးလန်းလန်းဆန်းဆန်းခံစားမိနေသလိုပဲ။

Except_Him[KaiHun]Wo Geschichten leben. Entdecke jetzt