Except_Him 10

1.3K 188 42
                                    

#KaiHun #Sekai

'pretest တွေ practical exam တွေနီးနေပြီ
မင်းစာရောရရဲ့လား'

'အင် ဟင်း ကျွန်တော်ကစာတော်တယ်လေ ကိုကိုရဲ့'

သူ့အဖြေကိုကြားချိန် အိမ်စာတွေလုပ်နေတဲ့ကိုကိုက
မျက်ခုံးပင့်ကာသူ့ကိုကြည့်သည်။ ဆယ်ဟွန်း ကိုကို့ကိုငေးနေရာက သွားဖြီးပြလိုက်မိတယ်။

သူတစ်ချိန်လုံးငေးကြည့်နေလည်း ကိုကိုကရှက်သည့်ပုံ၊
အနေရခက်သည့်ပုံမပြတာမို့ သူလည်းအားနာမနေတော့။
အချိန်ရရင်ရသလို ကိုကို့ဘက်ကိုစောင်းပြီး ထိုင်ကြည့်သည်။

'ဒါနဲ့ ကျွန်တော်စာမရရင် ကိုကိုစာပြပေးမလား'

'မင်းပဲစာတော်တယ်ဆို'

အိမ်စာလုပ်နေတာကိုဘေးနားကပွစိပွစိလုပ်နေလို့လည်း
ကိုကိုစိတ်မကွက်သည်က 'ကျွန်တော်က ကိုကိုနဲ့အတူရှိနေရရင် အားဖြည့်သလိုပဲ'ဆိုတဲ့သူ့စကားကြောင့်များလား။
ဆယ်ဟွန်းဟာ ကိုကို့ကိုသဘောကျမိမှပဲ ကိုယ့်ဘက်ကိုယ်ဆွဲကာတွေးတတ်လာသည်။

'ဟင့်အင်း မတော်ပါဘူး ကျွန်တော်ကစတာ Roll 3 စီနီယာကြီးကစာပြပေးရင် ကျွန်တော်ဘယ်လောက်တောင်
စာနားလည်မလဲလို့ ဟဲဟဲ'

'စကားကိုအမျိုးမျိုး Roll 1 စီနီယာတွေဆီကိုသွားပြခိုင်းလေ သူတို့ကပိုတော်တယ်'

'ဟင့်အင်း ကိုကိုကကျွန်တော့်နှလုံးသားထဲမှာ Roll 1ပဲ
ကိုကို ဘယ်သူမှကိုကို့လောက်ကျွန်တော့်စိတ်ထဲမှာမတော်ဘူး'

အတည်ကြီးထပြောသောသူ့ကို ဘာအရိပ်အယောင်မှဖမ်းမရသည့် အကြည့်နှင့် ကိုကိုကသူ့ကိုကြည့်သည်။ ပြီးတော့ တဖြေးဖြေးပြုံးလာသည့်ကိုကို။

'ငါရည်းစားစကားအပြောခံရတယ်လို့ ခံစားနေရတယ် ဆယ်ဟွန်း စကားကိုထိန်းပြောပါကွာ '

'ဘာလဲ ကိုကိုရင်ခုန်သွားတယ်မလား '

ချက်ချင်းကြီးရီနေရာက မျက်မှောင်ကြုတ်သွားတဲ့ကိုကို။
ဆယ်ဟွန်း သူ့စကားဘာအမှားပါသွားသလဲစဉ်းစားမိသည်။

Except_Him[KaiHun]Unde poveștirile trăiesc. Descoperă acum