Except_Him 17

1.1K 169 28
                                    

#KaiHun

မနက်စောစောအိပ်ယာထတတ်တာဟာ ဂျုံအင့်ရဲ့အကျင့်တစ်ခုမို့ ဂျုံအင်ကအစောကြီးနိုးနေပေမဲ့
ဆယ်ဟွန်းကတော့အိပ်တုန်းပင်။

အိပ်ယာနိုးနိုးချင်းသူ့ဘေးနားမှာမြင်လိုက်ရတဲ့ ကောင်လေးကြောင့် ဂျုံအင်ပြုံးမိသည်။
ဘယ်လိုမှမထင်မှတ်ထားတဲဖြစ်ရပ်တွေ၊ နေ့ရက်တွေ
ရောက်ရှိလာခဲ့တာပါလေ။

ကိုယ်လက်သန့်စင်ပြီး နှစ်ယောက်စာမနက်စာကိုပြင်ရသည်။
ဆယ်ဟွန်းကိုလည်းမနှိုးရက်တာမို့ အတူတူမနက်စာစားဖို့
စောင့်ရင်း ဂျုံအင်ပန်းပင်တွေကိုရေလောင်းနေလိုက်သည်။

ဆယ်ဟွန်းပထမဆုံးပေးတဲ့ ပန်းအိုးလေးရယ်၊ မနေ့ကယူလာခဲ့တဲ့ပန်းအိုးတွေရယ်စီထားတဲ့နေရာရဲ့ဘေးမှာ
ထိုင်ချလိုက်ပြီး ဂျုံအင်ပန်းပင်တွေကိုသေချာကြည့်နေမိသည်။

အကုန်လုံးကနှင်းဆီပန်းပင်တွေ။ အများအားဖြင့်အနီတွေဖြစ်သည်။ ပန်အိုးလေးတွေအကုန်လုံးမှာရေးထားတာတွေက အကုန်လုံးထပ်တူညီစွာ 'ကိုကို့အတွက် ' 'ကိုကို့အတွက် '
ဟူ၍ဖြစ်သည်။

ပွင့်နေသောနှင်းဆီပန်းတွေကို အနီးကပ်သေချာနမ်းမိသည်။
နှင်းဆီးပန်းတွေရဲ့ရနံ့က သင်းသင်းလေးတွေ။
နမ်းကြည့်လိုက်မှ သေချာရလာတဲ့နှင်းဆီပန်းရနံ့လေးတွေကို
ဂျုံအင် သဘောကျသည်။ စိတ်ကိုလန်းဆန်းစေတယ်။

ပန်းတွေပွင့်နေလျှင် ဂျုံအင်မခူးရက်။ သူ့သဘာဝနှင့်သူ အပင်မှာပွင့်လန်းနေပြီး လှပနေကာ အချိန်တန်မှ သူ့သဘာဝအတိုင်းကြွေကျသွားသည်ကို ဂျုံအင်ပိုသဘောကျသည်။

ဂျုံအင်မှတ်မိနေသေးသည်။ အပင်စိုက်ခြင်း ဘယ်အချိန်တည်းက ဘာကြောင့်ဝါသနာပါသလဲဆိုတာမှတ်မိနေသေးတယ်။

သူမူလတန်း သူ့ရဲ့နို့ထိန်း တစ်နည်းအားဖြင့် မွေးစားအမေ
မွေးမြူပေးခဲ့တဲ့ သူ့ဝါသနာဖြစ်သည်။
သစ်ပင်ပန်းပင်တွေဟာ လူတွေရဲ့စိတ်ကိုလန်းဆန်းစေတယ်။ ကိုယ်စိုက်တဲ့အပင်တွေကြီးထွားလာတာကို စောင့်ကြည့်ရတာ
သိပ်ကြည်နူးဖို့ကောင်းသတဲ့။ ကိုယ်စိုက်တဲ့အပင်တွေ
ဝေဝေဆာဆာဖြစ်နေတဲ့အခါ အခြားသူတွေရဲ့စိတ်ကို
လည်းလန်းဆန်းစေတာမို့ ကောင်းမွန်တဲ့အရာကို လုပ်တာဖြစ်တယ်လို့ မွေးစားအမေကပြောပြခဲ့ဖူးသည်။

Except_Him[KaiHun]Where stories live. Discover now