Chapter (20) - ရာဇဝတ္မႈျမင္ကြင္း

Start from the beginning
                                    

Chapter (20) – ရာဇဝတ်မှုမြင်ကွင်း

လျှို့ဝှက်ဆန်းကြယ်သောမီး..
ပျောက်ဆုံးနေသော လူသတ်သမား..

Chen Ge သည် ပါရမီရှိသော ပုံပြောသူတစ်ယောက်ဖြစ်ပြီး သူဖတ်ပြီးခဲ့သည့် သတင်းဆောင်းပါးများထဲက ပါဝင်သည့်အကြောင်းအရာများနှင့် သူ၏ကိုယ်ပိုင်ယူဆချက်များကို ပေါင်းစပ်ကာ ဖတ်ရှုသူများအတွက် ယုံကြည်ရလောက်သည့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးလိုက်သည်။

"ကျွန်တော့်ရဲ့ သရဲအိမ်အတွက် စိတ်ကူးသစ်ကို ရှာဖွေနိုင်ဖို့ ကျွန်တော်က ကျိန်စာသင့်တဲ့တိုက်ခန်းမှာ တစ်ညတာနေဖို့ ဆုံးဖြတ်ချက်ချရာကနေ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာရတာပါ.. အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်တစ်ခုကတော့ ဒီတိုက်ခန်းမှာ နေထိုင်သူတိုင်းက တစ်စုံတစ်ခုထူးခြားပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက လူသတ်သမားက သူတို့ထဲမှာ လျှို့ဝှက်ဖုံးကွယ်ပြီး နေထိုင်နေတယ်လို့ ကျွန်တော် သံသယရှိလာခဲ့တယ်.."

Chen Ge က စီးကရက်မီးကို ငြိမ်းသတ်ပြီး ကင်မရာကို သူ့ဘက်လှည့်လိုက်သည်။

"တကယ့်လက်တွေ့ဘဝက လူသတ်သမားရဲ့ ဘဝအကြောင်းဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်.. ဘယ်သူက တကယ့်လူသတ်သမားဖြစ်တယ်ဆိုတာ သိနေတဲ့ စိတ်ကူးဉာဏ်ကောင်းသူ တစ်ယောက်ယောက်များ ရှိသလားခင်ဗျာ.."

ငါက အစိမ်းရောင်ပိုးကောင်လေးပါ : "ပို့စ်ပိုင်ရှင်.. ခင်ဗျားက ဘယ်လိုသောက်ရှုပ်တွေ လုပ်ရမလဲဆိုတာ တကယ်သိတဲ့လူပဲ.. ဒါပေမယ့် ငါတို့ကို လွယ်လွယ်နဲ့ ယုံအောင်လုပ်လို့မရဘူးကွ.."

"JiuJiang မြို့က Fu An တိုက်ခန်းအကြောင်း အခုလေးတင် အင်တာနက်ကနေ ငါဖတ်ကြည့်နေတာ.. ပို့စ်ပိုင်ရှင်က ငါတို့ကို လိမ်မပြောဘူူးကွ.."

He San လည်း ထောက်ခံပြောဆိုလိုက်သည်။

"ကျွန်တော် ပို့စ်ပိုင်ရှင်ကို ယုံကြည်တယ်.."

ဒါပေမယ့် 'ငါက အစိမ်းရောင်ပိုးကောင်လေးပါ' အကောင့်ပိုင်ရှင်က လွယ်လွယ်နှင့် မယုံကြည်ပေ။

"ပို့စ်ပိုင်ရှင်က မင်းတို့ကို မလိမ်ဘူးဆိုရင်တောင် သူက ကျိန်စာသင့်တဲ့တိုက်ခန်းမှာ ရောက်နေပါတယ်ဆိုတာ မင်းတို့ ဘယ်လိုယုံကြည်လို့ရသလဲ.. သူ အစောကပြောသွားတာ ဒီတိုက်ခန်းက မီးလောင်ပျက်စီးနေတာပါဆို.. အခု သူရောက်နေတဲ့အခန်းနံရံကို သေချာကြည့်ကြပါဦး.. နံရံတွေက ရှင်းလင်းနေပြီး ဆေးလည်းသုတ်ထားတယ်.. ပရိဘောဂတွေက နည်းနည်းတော့ဟောင်းနေပေမယ့် သုံးလို့ရသေးတယ်.. ဒီဟာက ကျိန်စာသင့်တိုက်ခန်းထဲ ရောက်နေတာနဲ့ တူလို့လား.."

"ကျွန်တော် ခင်ဗျားတို့ကို မလိမ်ပါဘူး.. သက်သေလိုချင်ရင် လွယ်ပါတယ်.."

Chen Ge က တစ်နေရာကိုရွှေ့လိုက်ပြီး အိတ်ဆောင်ဓားလေးကို လှမ်းယူပြီး သစ်လွင်နေပုံရတဲ့ နံရံထောင့်တစ်နေရာကို သွားလိုက်သည်။

"အဆောက်အဦးနာမည်က ပြောင်းလဲလိုက်ပြီး ဆေးပြန်သုတ်၊ ပြန်ပြင်ဆင်လိုက်ပေမယ့် တချို့အရာတွေက ဖုံးကွယ်လို့၊ ဖယ်ရှားလို့မရနိုင်ပါဘူူး.."

သူက လတ်ဆတ်သည့် နံရံဆေးသားတချို့ကို ဓားနှင့်ခြစ်ထုတ်လိုက်တော့ အောက်ဘက်မှာ မီးလောင်ပြီးမည်းနေသည့် အုတ်များပေါ်လာခဲ့သည်။

"ဒီနေရာက မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေရာတစ်ခုဆိုတဲ့ သက်သေအထောက်အထားပဲ.."

Dead to all man က စိတ်ဝင်စားစွာ မေးလိုက်သည်။

Dead to all man : "No.. ငါက မင်း ဘာကြောင့် ဒီမှာတစ်ညတည်းခိုဖို့ လက်နက်နဲ့ ဓားတစ်ချောင်းယူလာသလဲဆိုတာ စိတ်ဝင်စားတယ်.. မင်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လား.."

"ပို့စ်ပိုင်ရှင်က အကြောင်းရင်းမရှိဘဲ နံရံကိုဖျက်ဆီးနေပါတယ်.. တိုက်ခန်းပိုင်ရှင်အတွက် ဝမ်းနည်းကြောင်းပြသဖို့ တစ်မိနစ်လောက် ငြိမ်ပေးလိုက်ရအောင်.."

"ဒီအခန်းမျိုးအတွက် တစ်ညကို ဘယ်လောက်ပေးထားရလဲ.. ကြည့်ရတာ အခန်းက TV တောင်မပါဘူး.."

ဒီစကားပြောတွေကြည့်ပြီး Chen Ge ကူကယ်ရာမဲ့ သက်ပြင်းချလိုက်မိသည်။

"ဟေ့လူတွေ.. ခင်ဗျားတို့ အဓိကအချက်ကို အာရုံစိုက်ကြစမ်းပါဗျာ.. မဆိုင်တာ မပြောကြပါနဲ့.. လေးစားမှုလေး ထားကြစမ်းပါ.. ကျွန်တော့်အသက်က ခင်ဗျားတို့ကြည့်နေတဲ့ Livestream ပေါ်မှာ မူတည်နေတယ်ဗျ.."

Dead to all man က 1$ လှူဒါန်းလိုက်သည်။

"လေးစားမှုကို ဖော်ပြတဲ့အနေနဲ့ 1$ လှူပါတယ်.."

Chen Ge က အကူအညီမရပေမယ့် အွန်လိုင်းသုံးစွဲသူတွေကို မပစ်ထားပေ။

"ကောင်းပြီ.. လက်ရှိ အရေးကြီးတဲ့အချက်ကို ပြန်သွားရအောင်.. ကျွန်တော်က ဒီတိုက်ခန်းမှာနေတဲ့ မတူတဲ့လူ ၆ ယောက်ကို တွေ့ခဲ့တယ်.. ပထမတစ်ယောက်က စိတ်သိပ်မမှန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်.. ကျွန်တော်ရောက်လာတော့ သူမက အဓိပ္ပါယ်မဲ့ပြုံးပြီး ဗလုံးဗထွေး ရေရွတ်ပြောဆိုနေတယ်.. ဒီမြင်ကွင်းက စိတ်မကောင်းဖြစ်စေပေမယ့် သူမနဲ့ ထပ်မတွေ့ဖြစ်တော့ သူမနဲ့ပတ်သက်ပြီး ဘာမှထပ်မသိရတော့ဘူး.."

Chen Ge က သူတွေ့ခဲ့တဲ့လူတွေကို ဆန်းစစ်ပြီး ကြည့်ရှုသူများကို ပြောပြလိုက်သည်။

"ဒီပုံစံတွေအရ သံသယအရှိဆုံးက တိုက်ခန်းပိုင်ရှင်ပဲ.. ဒါပေမယ့် သူ့ရဲ့ခွန်အားနဲ့ သူသွားလာရတဲ့ နှေးကွေးတဲ့ပုံစံကြောင့် သံသယရှိဖို့ခက်တယ်.. ဒါကြောင့် ပထမထပ်က သရဲတစ္ဆေမယုံတဲ့လူရယ်၊ ဒုတိယထပ်က လူဝကြီးရယ်က သံသယရှိစရာ အကောင်းဆုံးပဲ.. အမျိုးသမီးနဲ့ လူပျောက်ကြေငြာလိုက်ကပ်တဲ့ Wang Qi ကိုလည်း မေ့ထားလို့မရဘူးဗျ.."

"အခြေခံအားဖြင့်ပြောရရင် ခင်ဗျားပြောတဲ့ထဲ ဘာမှမပါသေးဘူး.."

Dead to all man က သုံးသပ်လိုက်သည်။

"ဒါတွေက ခင်ဗျားရဲ့သုံးသပ်ချက်ပေါ် မူတည်ပြီး ပြောထားတာပဲ.. ကျွန်တော်က တကယ့်လူသတ်သမားက ဘီးတပ်ကုလားထိုင်ပေါ်က အဘိုးကြီးလို့ထင်တယ်.. သူက ဒီမီးလောင်မှုကနေ အကျိုးအများကြီး ရသွားခဲ့တာပဲ.."

"ဒါ မဖြစ်နိုင်တာတော့မဟုတ်ဘူး.. လူအိုကြီးက ခုချိန် မသန်မစွမ်းဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒါပေမယ့် လွန်ခဲ့တဲ့ ၄နှစ်ကဆိုရင်တော့ လူကောင်းပကတိဖြစ်နေနိုင်တာပဲ.. ငါတို့က မီးလောင်မှုအကြောင်းပြောနေတာဆိုတော့ မီးရှို့ဖို့ ခွန်အားကြီးဖို့တော့ မလိုပါဘူး.. ဒါကြောင့် ဒီအဘိုးကြီးက သံသယဝင်စရာ အကောင်းဆုံးပဲ.."

"ကျွန်တော်ကတော့ ပထမထပ်မှာနေတဲ့ မိန်းမကို သံသယရှိတယ်.. သူမက ဒီပို့စ်ပိုင်ရှင်ကိုတွေ့တော့ ပြုံးပြလိုက်တယ်လို့ဆိုတာက တစ်ခုခုပြောချင်တဲ့သဘောပဲ.. ပို့စ်ပိုင်ရှင်.. ခင်ဗျား အမျိုးသမီးပြုံးလိုက်ချိန်က နှုတ်ခမ်းက ဘယ်လောက်ဒီဂရီ ညွတ်ကျသွားတယ်ဆိုတာ မှတ်မိလား.. ကျွန်တော် ခင်ဗျားကို စိတ်ပညာရှုထောင့်ကနေ ပြောပြမလို့.."

"မမှတ်မိဘူးဗျ.."

ဒီ Viewer တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာတာနဲ့ ဒီ Livestream က ပိုပြီးနာမည်ကြီးလာခဲ့သည်။ Chen Ge က စကားပြောနေပြီး ဆူညံနေတဲ့ ကြည့်ရှုသူပရိသတ်ရဲ့ comment ကိုကြည့်ပြီး သက်ပြင်းရှိုက်လိုက်မိသည်။ ကြည့်ရတာ ဒီလူတွေဆီကနေ ဘာကောက်ချက်မှ မရနိုင်လောက်ဘူး။ ဒါကြောင့် သဲလွန်စတချို့ရှာတွေ့ဖို့ ကိုယ့်ဘာသာ သွားစုံစမ်းမှထင်သည်ဟု တွေးလိုက်မိသည်။

သူက ဖုန်းကို သူ့ရှေ့မှာထောင်လိုက်ပြီး ထပ်မေးလိုက်သည်။

"ကျွန်တော်က Live မလွှင့်ခင် တိုက်ခန်းကိုလျှောက်ကြည့်လိုက်တော့ ပထမထပ်နဲ့ ဒုတိယထပ်ကို ပြန်လည်ပြင်ဆင်ထားပြီး တတိယထပ်ကိုတော့ လွန်ခဲ့တဲ့နှစ်တွေက မီးလောင်ထားတဲ့အတိုင်း ထားခဲ့တာတွေ့ရတယ်.. ဒါကြောင့် သဲလွန်စကိုရဖို့ ကျွန်တော် အနီးကပ် သွားစုံစမ်းလိုက်ဦးမယ်.. အသုံးဝင်တာတစ်ခုခု သိရနိုင်တယ်ဗျ.."

"လွန်ခဲ့တဲ့ ၄နှစ်ကအတိုင်း ထားထားတယ် ဟုတ်လား.. ကြည့်ရတာ ရူးနေသလိုပဲ.."

"ဒီပြဿနာကို မဖြေရှင်းနိုင်လို့ မီးလောင်သေသွားတဲ့မိသားစုဝိညာဉ်တွေ ကျန်နေတာဖြစ်မယ်.."

"သရဲခြောက်တဲ့တိုက်ခန်းမှာ ညဘက်ကြီးစုံစမ်းမလို့ ဟုတ်လား.. ပို့စ်ပိုင်ရှင်က တကယ်ဆေးမမှီတော့ဘူးပဲ.."

"ပို့စ်ပိုင်ရှင်က သရဲအိမ်ပိုင်ရှင် ပီသပါပေတယ်.. ကျွန်တော် တစ်ခုပြောပါရစေ.. သူတင်လိုက်တဲ့ ကြောက်စရာ Video ကြောင့် ကျွန်တော်တို့ သူ့ကို စောဒကတက်ဖို့ သရဲအိမ်ကို အုပ်စုလိုက် ချီတက်သွားကြတယ်.. ပြီးတော့ ကျွန်တော်တို့အုပ်စုထဲက သတ္တိခဲနှစ်ယောက်က သရဲအိမ်ထဲကိုဝင်ပြီး လေ့လာကြည့်ပြီးနောက် တစ်ယောက်က ငိုယိုပြီး ကျန်တစ်ယောက်က သတိလစ်ပြီးမှ ထွက်လာကြတယ်.."

"ခဏနေဦး.. သူတို့နှစ်ယောက်က ဘာကြုံတွေ့ခဲ့လို့ သတ္တိမရှိတဲ့လူတွေလို ဖြစ်ပျက်သွားရတာလဲ.."

"ခင်ဗျား ရူးသွားပြီလား.. ဒီနှစ်ယောက်ဖြစ်ပျက်နေတာကိုမြင်ပြီး ကျွန်တော်တို့က သရဲအိမ်ထဲ ဝင်ကြည့်မယ်များ ထင်နေတာလား.."

"ဒါမှန်တယ်.."

"LOL" He San က comment ဝင်ရေးလိုက်သည်။

ဒီ comment တွေက စိတ်ပျက်စရာကောင်းပေမယ့် Chen Ge က စိတ်ထဲမထည့်ထားလိုက်ဘူး။ သူက လက်တစ်ဖက်က ဘက်စုံသုံးတူနဲ့ အိတ်ဆောင်ဓားကိုကိုင်ကာ ကျန်လက်တစ်ဖက်က ဖုန်းကိုကိုင်လိုက်ပြီး သူ့အခန်းတံခါးဆီ လျှောက်လာခဲ့သည်။

အရင်ကသင်ခန်းစာကို အခြေခံပြီး Chen Ge က တံခါးကို ချက်ချင်းတွန်းမဖွင့်ဘဲ တံခါးအောက်ခြေကို တစ်ချက်ချောင်းကြည့်ပြီး သူ့အခန်းအပြင်မှာ ဘယ်သူမှမရှိဘူးဆိုတာ သေချာတော့မှ တံခါးကို အသာလေးဖွင့်ပြီး ကြည့်လိုက်သည်။ Chen Ge က တံခါးအပြင်ဘက်ကိုထွက်ပြီး အခန်းကိုသော့ခတ်ပြီးနောက် ဆံပင်မွှေးတစ်ချောင်းကို သော့ပေါက်ထဲကို ထည့်ထားလိုက်သည်။ ဒါမှ သူအခန်းထဲမရှိချိန် တစ်ယောက်ယောက် အခန်းထဲဝင်ဖို့ သော့ဖွင့်ဖို့ကြိုးစားတဲ့အခါ ဆံပင်က အထဲကိုရောက်သွား၊ မသွား ဆိုတာကြည့်ပြီး လူဝင်ဖို့လုပ်၊ မလုပ်ဆိုတာ သိနိုင်သည်။

အားလုံးကိုပြင်ဆင်ပြီးနောက် Chen Ge က အပေါ်ထပ်တက်ဖို့ လှေကားထစ်တွေဆီ လျှောက်ခဲ့သည်။ သူ့ခြေသံကြောင့် စင်္ကြန်မီးတွေလင်းမသွားစေဖို့ ခြေကိုဖွပြီး လျှောက်လာခဲ့သည်။ လှေကားတလျှောက် တက်ခဲ့တော့ သူ့ဘေးကနံရံတွေက မည်းတူးနေတာကို သတိပြုမိလိုက်ပြီး လေထဲမှာ ဘာရယ်လို့ဖော်ပြလို့မရတဲ့ အနံ့တွေ လှိုင်နေတာကို သိလိုက်မိသည်။

တတိယထပ်ကိုရောက်တော့ Chen Ge က ဖုန်းကမီးကိုဖွင့်ပြီး နံရံကိုမှီကာ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။ ပထမ သူ တတိယထပ်ကိုတက်လာတုန်းက မီးရောင်ရှေ့မှာ အရိပ်မည်းတစ်ခုကို တွေ့ခဲ့ရပြီး ဒီအရိပ်က လူတစ်ယောက်ပုံစံနဲ့ တူနေသည်။

အဲ့တာက သရဲဖြစ်စေ၊ လူဖြစ်စေ သူသေချာ ဂရုစိုက်ရမှာဖြစ်သည်။ ဖုန်းမီးရောင်အောက်မှာ လွန်ခဲ့တဲ့လေးနှစ်က ရာဇဝတ်မှုဖြစ်ပွားခဲ့သည့်နေရာက မြင်ကွင်းတွေ ပေါ်လာခဲ့သည်။ နံရံကခြစ်ရာတွေက နက်နက်နဲနဲ ထင်ကျန်ရစ်တာကိုကြည့်ပြီး Chen Ge လည်း လက်ထဲကတူကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

Fu An တိုက်ခန်းရဲ့ တည်ဆောက်ပုံဗိသုကာက ထူးခြားပြီး လှေကားတစ်ခုတည်းပါရှိသည်။ ထိုလှေကားကို တိုက်ခန်း၏ညာဘက်မှာ တည်ဆောက်ထားပြီး ထိုနေရာမှ ဘယ်ဘက်ကိုသွားသည့် စင်္ကြန်ကြီးက ပိုရှည်နေသလို ခံစားရစေသည်။

ကော်ရစ်ဒါတလျှောက် လျှောက်လာခဲ့ရင်း Chen Ge ရဲ့ကျောရိုးထဲက စိမ့်အေးလာသလို ခံစားရသည်။ သူ့ကျောဘက်ကနံရံကို မှီထားပြီး တရွေ့ရွေ့လာခဲ့ပေမယ့် တစ်ခုခုထူးဆန်းနေသလိုပင်။ မီးက တတိယထပ်က စလောင်တာဖြစ်လို့ ဒီမီးကို ဘယ်လိုမှနိုင်အောင် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ မီးသတ်သမားများက ထိုအချိန်မှာ တတိယထပ်ကို တက်မလာနိုင်လောက်ပေ။

Chen Ge က မည်းမှောင်တဲ့ ကော်ရစ်ဒါတလျှောက် ဆက်လာခဲ့သည်။ တစ်ဖက်က အခန်းတံခါးတွေက မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးနေသည့်လက္ခဏာများကို တွေ့ရသည်။ Chen Ge က ကြမ်းပြင်ပေါ်က အမှိုက်တွေကိုကြည့်ပြီး အနီးဆုံးအခန်းထဲကို ဝင်ခဲ့လိုက်သည်။

===========

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now