16❇ ရှုယုရှန်း ရဲ့ညှင်းပန်းနှိုက်စက်မှု

Start from the beginning
                                    

"မစ္စဇောင် ကနောက်ထပ် လက်ထပ်ချင်တာက သူ့ကိစ္စပဲ။ ဒါပေမဲ့ မစ္စဇောင် ရဲ့ဒုတိယအကြိမ် လက်ထပ်ခြင်းက ယုဟွမ် ကိုမပျော်မရွှင် ဖြစ်စေရင် ဒင် နဲ့ လန် တို့ရဲ့ကိစ္စဖြစ်လာပြီ။ မိန်းကလေးရှု မှာမောင်လေးရှိပြီး ယုဟွမ် မှာလည်း အစ်ကိုရှိတယ်။ ဒီအရာက ဆက်မဖြစ်နိုင်တော့ဘူး၊ နောက်တစ်ခါ ယုဟွမ် ကိုအနိုင်ကျင့်ရင်..."

ရှုယုရှန်း ထိတ်လန့်သွားပြီး သူမပါးတွေက ရဲတွတ်လာကာ ရုတ်တရက် သူမနှလုံးက ရိုက်ခတ်လာခဲ့သည်။ ရုတ်တရက်ဆန်စွာဖြင့် သူမက အသက်ရှူဖို့တောင် ခက်ခဲသွားခဲ့သည်။ လန်ဂျင်းဇီ ကဆက်ပြောလိုက်သည်။

"ဒါက ထပ်ဖြစ်လာရင် မစ္စတာဇောင် ဆီကို အလည်လာပြီး ရှင်းပြချက်ကို တောင်းဆိုပြီး ပေးချေခိုင်းမယ်။ ဒီအိမ်မှာ မစ္စဇောင် အတွက်က အခန်းတစ်ခန်း ရှိနိုင်တယ်၊ ဒါပေမဲ့ မိန်းကလေးရှု အတွက်တော့ မလိုအပ်ဘူး။ ဒီအိမ်မှာရှိတဲ့ တကယ့်သမီးအစစ်က အရမ်းကို လုံလောက်နေပြီ"

အခုတော့ သူက သူမကို ပွင့်လင်းစွာ ခြိမ်းခြောက်လိုက်သည်။ ရှုယုရှန်း ကသူမခြေထောက်တွေ တုန်ခါလာတာကို ခံစားရပြီး ဘာကိုမှ ပြန်တောင် မပြောရဲပေ။

ရှုရန်ဟွေ့ ရဲ့သမီးက ဒီလိုမျိုး ရိုးရှင်းတဲ့ စကားလုံး အနည်းငယ်လောက်နဲ့ ခြိမ်းခြောက်နိုင်မယ်လို့ လန်ဂျင်းဇီ ထင်မထားခဲ့ပေ။ ဒါက ကောင်းတာပဲ၊ အနည်းဆုံးတော့ ဇောင်ယုဟွမ် လည်းဒီအကြောင်းနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်နေစရာ မလိုတော့ဘူး။

သူစကား ပြောပြီးနောက်တွင် လှည့်လိုက်ပြီး ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။ ဇောင်ယုဟွမ် ကသူ့ကို ကြည့်လိုက်သည်။ သူ့လက်ကို အနောက်တွင် ပို့ထားပြီး သူမက အိမ်တော်အရှေ့ကို ရောက်လာတာကို လန်ဂျင်းဇီ တွေ့လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ငါသွားတော့မယ်" ဇောင်ယုဟွမ် ကသူ့ကို ချိုမြိန်သည့် အပြုံးကိုပေးလိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကို" သူတို့ရဲ့ အပြန်အလှန် ပြောဆိုနေမှုကို ကြည့်နေရင်း ရှုယုရှန်း ကသူမလက်သည်းတွေကို အသားထဲထိ စိုက်ဝင်နေအောင် ဆုပ်လိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now