Chapter - 212

5.2K 828 23
                                    

[Zawgyi]

<မင်း ငါနဲ့အိပ်ချင်လို့လား?>

ဒါကိုကြားတဲ့အခါ Phoenixရဲ့မျက်နှာက ဖြူ ဖျော့သွားသည်။ ရယ်ချင်စိတ်ကိုအောင့်အီးနေတဲ့နဉ်ရှုကိုမြင်တဲ့အခါ သူမနားရွက်ဖျားတွေ နီရဲသွားလေ၏။

သူမက အခန်းအပြင်ဘက်ကို ပြေးထွက်သွားပြီး နောက်ကတံခါးကိုပြင်းထန်စွာဆောင့်ပိတ်လိုက်တာကြောင့် နံရံကနေ ဖုန်များပင်ကျလာသည်။

နဉ်ရှု သူမနားတွေကိုအုပ်လိုက်သည်။ ဒီအသံက အရမ်းကျယ်လွန်းတယ်။

နဉ်ရှု အန်ကယ့်ဘက်ကိုလှည့်ကာ ပြောလိုက်သည်။

"အန်ကယ် သူက သူ့ဒေါသတွေဖြေဖျောက်ချင်လို့ ဒီကိုလာတာလေ။ အန်ကယ် သူ့ကို နှစ်သိမ့်ပေးသင့်တယ်။"

"What the hell?"

ကျောင်းဆရာဝန်အန်ကယ်က မျက်မှောင်ကုတ်ကာ နဉ်ရှုကိုပြောလာသည်။

"ဆိုဖာကို ဖုန်သုတ်လိုက်။"

နဉ်ရှု : "ဘာလို့လဲ?"

"သူမ ထိုင်သွားတဲ့နေရာက ညစ်ပတ်တယ်။"

ကျောင်းဆရာဝန်အန်ကယ်က ညင်သာစွာပင်ဖြေသည်။

နဉ်ရှု : (☉。☉)

သူက ကယ်တင်လို့ရတာရဲ့ ဟိုဘက်ကိုကျော်လွန်နေပြီ!

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုအတွက် စားစရာအချို့ချက်ပေးသည်။ အစားအစာက တစ်ယောက်စာသာလုံလောက်တာကြောင့် နဉ်ရှုမေးလိုက်မိသည်။

"အန်ကယ့်အတွက်ရော?"

"ငါစားပြီးပြီ။"

အန်ကယ်က ပြန်ဖြေသည်။

နဉ်ရှု သူမနှုတ်ခမ်းတွေကို မပျော်ရွှင်စွာတွန့်ကွေးလိုက်သည်။ ဗိုလ်ချုပ်က သူမကိုကျ ဘာလို့အတူတူစားဖို့မခေါ်တာလဲ?

"အန်ကယ်...ကုတင်က တစ်လုံးတည်းရယ်။ ကျွန်မ ဘယ်မှာအိပ်ရမှာလဲ?"

တိုက်ခန်းက တစ်ခန်းတည်းဖွဲ့ထားတဲ့တိုက်ခန်းဖြစ်တာကြောင့် ခုတင်ကတစ်လုံးတည်းရှိသည်။ နဉ်ရှုလည်း သူမဘယ်နေရာမှာအိပ်ရမလဲဆိုတာ သိချင်သည်။

"မင်း ငါနဲ့အိပ်ချင်လို့လား?"

ကျောင်းဆရာဝန်အန်ကယ်က ညင်သာစွာမေးလိုက်သည်။ သူမေးနေစဉ်မှာပင် သူ့ရွှေကိုင်းမျက်မှန်က မကောင်းတဲ့အန္တရာယ်အငွေ့အသက်တွေနဲ့တူတဲ့ အဖြူ ရောင်အလင်းတန်းတစ်ချက်ရောင်ပြန်ဟပ်လာသည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Tempat cerita menjadi hidup. Temukan sekarang