Chapter - 219

4.6K 903 37
                                    

[Zawgyi]

<ငါ အခု မင်းကို စကားမပြောချင်ဘူး>

ကျောင်းဆရာဝန်အန်ကယ်နဲ့ နဉ်ရှုက ဘယ်မှမသွားဘဲ စမ်းသပ်ခန်းထဲမှာပဲဆက်နေနေကြသည်။ ကျောင်းဆရာဝန်အန်ကယ်က သူမခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို လေ့လာခြင်းဖြင့် အချိန်ဖြုန်းသည်။ သူအားတဲ့အခါတိုင်း သူမရဲ့လည်ပင်းထဲကို သူက ဆေးထိုးအပ်နဲ့ထိုးစိုက်တတ်လေ၏။

မျိုးရိုးဗီဇအဆီအနှစ်တွေ အများကြီးသောက်မိတာကြောင့်လားဆိုတာတော့ သူမ သေချာမသိပေမယ့် အရင်က ကျောင်းဆရာဝန်အန်ကယ် ဆေးထိုးအပ်နဲ့ထိုးတဲ့အခါတိုင်း သူမဘာမှမခံစားရသော်လည်း အခုတော့ ပုရွက်ဆိတ်အကိုက်ခံရသလို ခံစားနေရပြီဖြစ်၏။

သူမရဲ့ နာကျင်ခံစားမှုအာရုံက ပြန်ကောင်းလာပြီဖြစ်သော်လည်း ကျောင်းဆရာဝန်အန်ကယ်ကတော့ အမြဲလိုလို ကြမ်းတမ်းနေဆဲပင်။ ဝမ်းနည်းဖွယ်ကောင်းစွာပင် ဒါက နာတယ်ဆိုတာ သူမ သူ့ကိုပြောပြလို့မရပေ။

နဉ်ရှုတစ်ယောက် သူမကိုယ်သူမ ကြွက်ဖြူ လေးတစ်ကောင်လိုခံစားနေရသည်။ သူမက zombieတွေရဲ့ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ကို လေ့လာဖို့အတွက် ကျောင်းဆရာဝန်အန်ကယ်အသုံးပြုနေတဲ့ စမ်းသပ်ခံတစ်ယောက်သာဖြစ်သည်။

ဒါပေမယ့်လည်း နဉ်ရှုကတော့ အသက်ရှင်ခွင့်ရတာကိုပင် အလွန်အင်မတန်ကျေနပ်လို့နေ၏။

"ကောင်မလေး...မင်းထချင်လား?"

ကျောင်းဆရာဝန်အန်ကယ်က မျက်ခုံးပင့်ရင်း နဉ်ရှုကိုကြည့်လာသည်။ နဉ်ရှု ကမန်းကတန်းခေါင်းငြိမ့်လိုက်သည်။ သူမ တကဟ်ထချင်တယ်။ ကျောင်းဆရာဝန်အန်ကယ်က သူမကို တစ်နေ့နှစ်ကြိမ် နေ့တိုင်းပိုးသတ်ဆေးဖြန်းသည်။ ဒါက တစ်နေ့နှစ်ကြိမ်ခေါင်းလျှော်တာနဲ့ တူနေသလိုပဲ? သူမ ကတုံးပြောင်ဖြစ်သွားတော့မလိုခံစားနေရတယ်!

အန်ကယ်က လက်ထိတ်တွေဖြုတ်ပေးကာ ပြောလေ၏။

"မင်း ဒီဓာတ်ခွဲခန်းထဲက ပစ္စည်းတွေကိုဖျက်ဆီးပစ်ရင် မင်းခေါင်းပေါက်ကွဲသွားဖို့သာပြင်ထား။"

နဉ်ရှု : ...

သူမလွတ်တာနဲ့ နဉ်ရှုက သူမရဲ့ခြေလက်တွေကို စတင်လှုပ်ရှားလိုက်ကာ အရိုးတွေက သံချေးကိုက်နေသလိုမျိုး တဖျစ်ဖျစ်မြည်လာလေ၏။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now