Chapter - 188

5.3K 882 10
                                    

[Zawgyi]

<အလားအလာ သုည>

ဒါကိုကြားလိုက်ရတဲ့အခါ နဉ်ရှုတစ်ယောက် ကျောင်းဆရာဝန်အန်ကယ်ရဲ့ အဆုံးမရှိတဲ့ အထင်သေးမှုတွေနဲ့ လှောင်ပြောင်မှုတွေကိုပဲ ခံစားမိလေသည်။ သူမ တိတ်တိတ်လေးပဲချေပလိုက်သည်။ လူတိုင်းက ရှင့်လိုစိတ်နှစ်ခွမဟုတ်ဘူး! ကမ္ဘာနှစ်ခုကိုကြုံတွေ့ရပြီးနောက် သူမပြန်လာတဲ့အခါ ဒီလူက လူသားတွေရဲ့တိုးတက်မှုလမ်းကြောင်းကို ပြောင်းလဲပြီး ကြီးမြတ်တဲ့ကမ္ဘာကြီးကို ဖျက်ဆီးနေသည့် နတ်ဆိုးဘုရင်ကြီးဖြစ်နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမကတော့ ဘာအတွက်မှမကောင်းတဲ့ အမှိုက်တစ်စဖြစ်နေတုန်းပင်။

သူမမျက်နှာပေါ်က ဦးနှောက်အပိုင်းအစတွေကို တိတ်တဆိတ်သုတ်ရင်း နဉ်ရှုရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ မဲ့ရွဲ့သွားသည်။

အပြင်ကလူတွေ ခြေကုန်လက်ပန်းကျခါနီးလာတဲ့နောက်ဆုံးမှာတော့ ကျောင်းဆရာဝန်အန်ကယ်က ကားတံခါးကို ထပ်မံချလိုက်သည်။ Zombieတစ်ကောင်နဲ့ရင်ဆိုင်နေတဲ့ Phoenixက လျင်မြန်စွာပြေးလာလေ၏။ ဒီတစ်ကြိမ်တော့ သူမက ကျောင်းဆရာဝန်အန်ကယ်ရဲ့ အဝတ်အစားတွေကို မဆွဲတော့ပေ။

Phoenixတစ်ယောက် အသက်ကို ပြတ်တောင်းပြတ်တောင်းရှူ နေရလေသည်။ သူမက ချွေးတွေထွက်ကာ နီးမြန်းနေလေ၏။ ချွေးစက်တွေက သူမရဲ့လည်ပင်းကနေတစ်ဆင့် နက်ရှိုင်းတဲ့လျှိုမြှောင်ကြားထဲကို စီးမသွားခင် သူမရဲ့ ဖြူ ဖွေးတဲ့ရင်သားတွေပေါ်ကို ဖြတ်စီးသွားသည်။

နဉ်ရှု တံတွေးမြိုချလိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုဘက်ကိုလှည့်လာပြီး အထင်သေးစွာပြောလေ၏။

"အလားအလာ သုညပဲ။"

နဉ်ရှု : (☉。☉)

ကျောင်းဆရာဝန်အန်ကယ်က ဘဟ်အစိတ်အပိုင်းကို ဆိုလိုတယ်ဆိုတာ သူမဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ?

"မင်းမှာ ဘာတောင်းဆိုချက်ပဲရှိရှိ..ပြောကြည့်လေ။"

Phoenix မျက်ခုံးတွန့်လိုက်သည်။

"ကျွန်မတို့ ကျည်ကုန်နေပြီ။ ကျေးဇူးပြု ပြီး ကူညီပါ။"

ကျောင်းဆရာဝန်အန်ကယ်က ဂရုမစိုက်ဟန်ဖြင့် မေးလိုက်လေသည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Hikayelerin yaşadığı yer. Şimdi keşfedin