Chapter - 210

5K 845 16
                                    

[Zawgyi]

<နင့်အခန်းဖော်ကိုရှာနေတာ>

"ဒေစီ...ငါမင်းကို စကားပြောနေတယ်။"

နဉ်ရှုက ရူးမိုက်တဲ့အမူအရာနဲ့ ခေါင်းကိုစောင်းပြီး ကြောင်အစွာစိုက်ကြည့်နေတာကိုမြင်တဲ့အခါ ကျောင်းဆရာဝန်အန်ကယ် မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်မိလေသည်။

"မင်း နှေးတာကကိုလုံလောက်နေပြီဆိုပေမယ့် မင်းနားမှာပါ ပြသနာရှိနေတယ်။ မင်းက ကယ်တင်လို့ မရနိုင်တော့ဘူးပဲ။"

ိနဉ်ရှု သတိပြန်ဝင်လာပြီး 'အိုး'လို့ပြန်မပြောလိုက်ခင် သူမပါးစပ်ထောင့်နားက သွားရည်တွေကိုသုတ်လိုက်ပြီး ရေချိုးခန်းဆီလျှောက်သွားလိုက်သည်။ ဒါပေမယ့်လည်း အဲ့အချိန်လေးမှာပဲ ဘဲလ်မြည်လာတာကြောင့် နဉ်ရှု အမြန်သွားပြီး တံခါးဖွင့်ပေးလိုက်သည်။

ဗိုလ်ချုပ်က တံခါးဝမှာရပ်နေသည်။ သူ့ကိုမြင်လိုက်ရတာကြောင့် နဉ်ရှုအံ့သြကာမေးလိုက်သည်။

"ဗိုလ်ချုပ်...ကျွန်မကိုရှာနေတာလား?"

"ငါမင်းကိုရှာနေတာမဟုတ်ဘူး။ မင်းအဖော်ကိုရှာနေတာ။"

သူကပြောလိုက်ပြီး အခန်းထဲဝင်ကာ လှည့်ပတ်ကြည့်လိုက်သည်။ သူ့ကိုမမြင်တဲ့အခါ နဉ်ရှုကိုမေးလိုက်သည်။

"သူဘယ်သွားတာလဲ?"

စောစောလေးကတင် သူဒီနားမှာရှိနေတာမလား။ နဉ်ရှု ပြန်ဖြေလိုက်လေ၏။

"သူ အဝတ်အစားသွားဝတ်တာနေမယ်။"

စောစောက ကျောင်းဆရာဝန်အန်ကယ်က ရေချိုးတဘက်လေးပဲပတ်ထားတာလေ။

ဗိုလ်ချုပ်က နဉ်ရှုကိုလှည့်ကြည့်ကာမေးလာသည်။

"မင်းက ငယ်ငယ်လေးရှိသေးတာတောင်မှ သူနဲ့အတူနေပြီးပြီးပေါ့?"

နဉ်ရှု : .....

သူ ဘာကိုဆိုလိုတာလဲ? ကျောင်းဆရာဝန်အန်ကယ်က သူမနဲ့အတူနေပြီးတာကြောင့် အဝတ်အစားမရှိဘဲဖြစ်နေတာလို့ ဗိုလ်ချုပ်တွေးနေတာလား? နဉ်ရှုနှုတ်ခမ်းများ မဲ့သွား၏။ သူ အတွေးလွန်နေပြီ။ အန်ကယ့်လိုစိတ္တဇမျိုးနဲ့  မိန်းမတွေကိုတောင်ကြိုက်ရဲ့လား သူမ မသိဘူး။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now