Chapter - 199

4.9K 837 22
                                    

[Zawgyi]

<ငါ့အကျန်တွေစားရတာ ပျော်ဖို့ကောင်းလား?>

အထူးစွမ်းရည်ကို နိုးထလာပြီးနောက်မှာတော့ Wolfက လုံးဝကိုလန်းဆန်းလာပြီး တစ်လောကလုံးကိုပိုင်နေတဲ့အတိုင်း စိတ်ကြီးဝင်ကြွားဝါနေမှုကို ထုတ်လွှင့်နေ၏။

နဉ်ရှုကတော့ ဆိုးဆိုးရွားရွားပြောချင်နေစိတ်ကို သူမကိုယ်သူမထိန်းချုပ်နေရသည်။ Wolfက သူမနဲ့ အန်ကယ့်ကို ကန်ထုတ်ပြီး ကားမောင်းပြေးချင်သလိုတောင် ကြည့်တတ်သည်။

သူက အန်ကယ့်ရဲ့သေနတ်ကိုကြောက်နေသော်လည်း တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဓာတ်ရှိနေတုန်းပင်ဖြစ်ပြီး သူမနဲ့အန်ကယ်ကို အစားအစာတွေ ပိုပိုနည်းကာပေးလာ၏။ နဉ်ရှုကလည်း သူ့ကို ပိုပိုပြီးအထင်သေးစပြုလာသည်။

ကြိုးတစ်ချောင်းတည်းအပေါ်မှာ အထုံးသေးသေးလေးတွေဖြစ်ကတည်းက သူမက ကျောင်းဆရာဝန်အန်ကယ်အတွက်ကိုလည်း စိုးရိမ်လာ၏။

သူတို့ ရှေ့ဆက်သွားတာနဲ့အမျှ zombieတွေနဲ့ ပိုတွေ့လာရသည်။ Wolfက တစ်ကြိမ်တည်းနှင့်ပင် အပြုံလိုက်သတ်နိုင်ပြီး သူ့ရဲ့မိုးကြိုးစွမ်းအင်ကို အသုံးချနိုင်စွမ်းက ပို၍တိုးတက်လာ၏။

Zombieတစ်ကောင်က တိုက်ခိုက်နေတဲ့အချိန်မှာ Phoenixလည်း သူမရဲ့ ရေခဲစွမ်းအင်နိုးထလာသည်။ သိပ်မကြာခင်မှာပဲ Spiderကလည်း မြေစွမ်းအင်နိုးထလာ၏။

ဒီငါးယောက်ထဲမှာ နဉ်ရှုနဲ့ ကျောင်းဆရာဝန်အန်ကယ်ကပဲ အထူးစွမ်းရည်မနိုးထတဲ့သူတွေဖြစ်တာကြောင့် ပုံမှန်မဟုတ်တဲ့လူတွေလိုပင်ဖြစ်နေသည်။

သူမရဲ့စွမ်းအင်ကို ဘာကြောင့်မနှိုးဆွနိုင်တာလဲဆိုတာ နဉ်ရှုမသိပေ။ သို့သော်လည်း သူမရဲ့ခွန်အားကတိုးလာနေပြီး သူမခန္ဓာကိုယ်ကလည်း ပိုပိုပြီးပျော့ပျောင်းလာ၏။ ဒါက ပြိုင်ဘက်ကင်းသိုင်းပညာကြောင့်ဖြစ်နိုင်သည်။

သူမမှာ အထူးစွမ်းရည်မရှိဘူးဆိုရင်လည်း...ကောင်းပြီလေ။

နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်ကို ဤသို့ပြောကာနှစ်သိမ့်သည်။

"အဆင်ပြေပါတယ်။ စိတ်မပူနဲ့။ နောက်ကျရင် ရှင့်စွမ်းအင်ကို နှိုးဆွနိုင်မှာပါအန်ကယ်။"

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now