12❇ ပိုသန်မာပြီးအင်အားတောင့်ဖို့

Start from the beginning
                                    

အမှန်တရားကို သူက ပြောခဲ့ရင်တောင် ဒုတိယမျိုးဆက် ချမ်းသာသည့် ကလေးတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုလေးကိုတောင် ထုတ်ပြောကြမှာ မဟုတ်ပေ။
***** 

မကြာခင်တွင် တနင်္လာနေ့က ပြန်ရောက်လာခဲ့ပြီး ဇောင်ယုဟွမ် နဲ့ကောင်လေး နှစ်ယောက်ကလည်း ကျောင်းကို ဆက်တက်နေဆဲဖြစ်သည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အချိန်တိုင်း ဘတ်စကတ်ဘောတွင်သာ အချိန်ဖြုန်းလာကြသည်။

ဇောင်ယုဟွမ် ကသူမအတန်းကနေ ဘတ်စကတ်ဘော ကစားကွင်းဆီကို လမ်းဘယ်လောက် လျှောက်ရလဲဆိုတာကို သူတို့က စပြီးသိလာကြသည်။ သူတို့က ဘတ်စကတ်ဘော ကစားခြင်းကနေ စောစော ထွက်လာပြီး သူမရဲ့ စာသင်ဆောင် အောက်တွင်သာ စောင့်နေခဲ့ကြသည်။

ဒါက သူတို့ရဲ့ နေ့စဉ်အပြုအမူ ဖြစ်လာခဲ့သည်။ သူတို့က သူတို့မျက်နှာနဲ့ လည်ပင်းက ချွေးတွေကို လျင်မြန်စွာ သုတ်လိုက်သည်။ သူတို့လက်ထဲက ယူနီဖောင်းနဲ့အတူ အဆောက်အဦးရဲ့ အောက်ခြေတွင် စောင့်နေခဲ့ကြသည်။

ပုံရိပ်နှစ်ခုက ချက်ချင်းပင် အာရုံစိုက်မှုများစွာကို ရရှိခဲ့သည်။ တစ်ယောက်က သံတိုင်ကို မှီလိုက်ပြီး သူတို့ကို ငုံ့ကြည့်လိုက်ကာ ပြောလိုက်သည်။

"ဇောင်ယုဟွမ် ရဲ့အစ်ကိုတွေ ဒီနေရာကို ရောက်နေကြပြီ?"

"သူတို့က တော်တော်လေး ဆွဲဆောင်မှုရှိတာပဲ"

"ဟုတ်တယ်၊ မနေ့ကတုန်းကလည်း သူတို့တွေ ဘတ်စကတ်ဘော ကစားနေတာကို တွေ့ခဲ့တယ်"

"ပထမနှစ်က တုန်မန် ကသူတို့ဆီက ရေယူသွားပေးတာကိုတောင် တွေ့ခဲ့တယ်"

"Wow တကယ်ကြီး? တုန်မန် ကဒီလိုတွေတောင် လုပ်နေပြီလား? ကောင်ပြီး သူတို့က ရေကို လက်ခံလိုက်မှာပေါ့?"

"ဟားဟား၊ သေချာပေါက်ကို လက်မခံခဲ့ဘူး။ တုန်မန် က ဇောင်ယုဟွမ် နဲ့တောင် ရင်းနှီးနိုင်မလား? ငါ့မှာ သူမလို ညီမသာရှိရင် ငါလည်း တခြားသူတွေ အားလုံးက ရုပ်ဆိုးတယ်လို့ ထင်မိလိမ့်မယ်..."

အပေါ်ထပ်က စကားပြောနေတဲ့ လူက သူ့အသံကို နှိမ့်ခြင်းမရှိပေ။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အောက်ထပ်ကနေ အသံတွေကို ရှင်းလင်းစွာ ကြားနေခဲ့သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now