5❇ ငါတို့သူ့ကိုဘယ်လိုခေါ်သင့်လဲ?

Începe de la început
                                    

"သေချာတာပေါ့ ....ကျွန်တော်တို့ ကြည့်မယ်"

ဟုန်ချန်းမင်း ကဘာမှမပြောတာကြောင့် သူလည်း သဘောတူတယ်လို့ ဇောင်ယုဟွမ် သတ်မှတ်လိုက်သည်။

သူမက တင်ပလျင်ခွေ ထိုင်လိုက်ပြီး စားပွဲပေါ်က ကပ်ကြေးလေး တစ်စုံကို ဆွဲယူလိုက်သည်။ သူတို့ကို စကားပြောနေရင်း အရုပ်တွေကို ဖွင့်လိုက်သည်။

"ငါ့အစ်ကိုနဲ့ ဖိုးဖိုးကို ဒီနေ့ ငါသွားတွေ့ခဲ့တယ်။ အရင်တုန်းက မင်းတို့ အတန်းက ဘယ်အတန်းလဲ? ငါ့အစ်ကိုကို မင်းတို့ကို ကျောင်းပြန်တက်ပေးဖို့ စီစဉ်ပေးဖို့ ပြောခဲ့တယ်"

ကောင်လေး နှစ်ယောက်က တိတ်ဆိတ်နေတုန်းပင်။ သူတို့ နှစ်ယောက်လုံးက လိမ္မာသည့် ကလေးတွေ ဖြစ်သည်။ သူမပြောသမျှကို နားလည်ခဲ့သည်။

သူမက သူတို့ ကျောင်းပြန်တက်နိုင်ဖို့ စီစဉ်ပေးချင်ပေမဲ့ သူမအဖေအစား သူမအစ်ကိုကို အကူအညီတောင်းခဲ့သည်။ ဒါက သူမနဲ့ သူမအဖေက ဆက်ဆံရေး မကောင်းတာကြောင့် ဖြစ်သည်။

ဒါပေမဲ့.... သူမအစ်ကိုကို အကူအညီတောင်းတာက တော်တော်လေး ခက်ခဲနေဆဲပင်။

"အမ်၊ မင်းတို့ ဘာလို့ ဘာမှမပြောတာလဲ?" ဇောင်ယုဟွမ် ကသေတ္တာဗူးကို ဖွင့်လိုက်သည်။ သူမက ဘေးမှာချလိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။

"...၄ တန်း" ဟုန်ချန်းမင်း ကပြောလိုက်သည်။

လီဂျင်းယွမ် ကရှက်သွားပြီး ဘာမှမပြောပေ။ ဇောင်ယုဟွမ် ကသူမလက်နှစ်ဖက်လုံးကို ကြမ်းပြင်ပေါ်ကို ထောက်လိုက်ပြီး နူးညံ့စွာ မေးလိုက်သည်။

"ကောင်းပြီ၊ မင်းကကော?"

လီဂျင်းယွမ် ကသူ့ပါးစပ်ကို အချိန်အတော်ကြာ တင်းကြပ်စွာ ပိတ်ထားပြီး နောက်ဆုံးတွင် ပြောလိုက်သည်။

"ကျွန်တော် အရင်တုန်းက တခါမှ ကျောင်းမတက်ဖူးဘူး၊ အရင်က အိမ်မှာပဲ ကိုယ့်ဘာသာ လေ့လာခဲ့တာ"

သူပြောလိုက်ချိန်တွင် သူမမျက်လုံးကို မကြည့်ပဲ အံ့အားသင့်တာ၊ ရွံရှာတာတွေကို မြင်တွေ့ရမှာကို စိုးရိမ်နေခဲ့သည်။ ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Unde poveștirile trăiesc. Descoperă acum