18. A Piece Of Romance

Depuis le début
                                    

~~~~~~

"ထမင်းစားလာပြီးပြီလား ..."

"အမ် .... မစားရသေးဘူး ...."

"Subway ဝင်ရအောင် ...."

အရှေ့မှာရှိတဲ့ Subway ထဲ ရှောင်းကျန့်ဝင်သွားတော့ ...

ရိပေါ်ကပါ နောက်ကလိုက်ဝင်ရပါတယ် ...

Sandwich တွေရတော့ လက်ဆေးဖို့ဆိုပြီး ရိပေါ်က ထသွားတော့ ....

ရှောင်းကျန့်ကပါ နောက်ကလိုက်ပါတယ် ...

"လက်ဆေးတာ အင်္ကျီလက်ခေါက်တင်လေ ...ရေစိုကုန်မှာပေါ့ ....!"

"အာ .... ရတယ် ကိစ္စမရှိပါဘူး စိုသွားလည်းရတယ် ...."

တစ်ခုသတိထားမိတာက ရိပေါ်ဟာ မျက်နှာပေါ်ရုံလောက်လေးပဲ ဝတ်စားတတ်တယ် ...

အင်္ကျီလက်ရှည် ဘောင်းဘီရှည်တို့ကို ကြိုက်တတ်တာများလား ထင်ခဲ့ပေမယ့် ဟုတ်ဟန်မတူခဲ့ ....

အပြင်ရောက်တော့ လက်အခြောက်ခံပြီး ...

နှစ်ယောက်သား sandwich စားပါတယ် ...

ဆိုင်က စားပွဲထိုးမလေးတွေကတော့ ရှောင်းကျန့်ကို တဖျက်ဖျက်နဲ့ ဓါတ်ပုံရိုက်နေပေမယ့် ...

ရှောင်းကျန့်အနေမခက်ခဲ့ ...

အဲ့ဒီအစား ရှေ့ကကောင်လေးဟာ tomato ketchup ကို တော်တော်ကြိုက်ပုံပဲလို့ ခေါင်းထဲရောက်နေတယ် ...

စပ်နေမှာစိုးလို့ ရေခဲမုန့်ထမှာတော့ ....

ကောင်လေးက ဆက်ပြီးစားနေဆဲ ...

ရိပေါ်ဟာ တကယ်တော့ အစားပုတ်လေးဖြစ်ပြန်တယ် ....

ပါးဖောင်းဖောင်းလေးနဲ့ sandwich ဝါးနေတဲ့ ပုံလေးဟာ တကယ်ချစ်ဖို့ကောင်းလွန်းလှတာ ....

"ညီမ ....!"

ကောင်တာက မိန်းကလေးက သူ့ကို ခေါ်တယ်ဆိုတာကို မယုံသင်္ကာနဲ့ ရှောင်းကျန့်ကို လှမ်းကြည့်တယ် ....

"ဟုတ် ... ညီမ အကို့ဖန်ပါ ... အပြင်မှာ အရမ်းချောတာပဲ တကယ် ...."

"ဟုတ်ကျေးဇူးပါ ... တစ်ခုလောက် ကူညီပေးနိုင်မလား ...."

"ဟုတ်ပြောပါ ...."

အရမ်းကူညီချင်လွန်းနေတဲ့ ကောင်မလေးလက်ထဲကို ရှောင်းကျန့်က သူ့ဖုန်း ထည့်ပေးလိုက်ပါတယ် ....

EPIPHANY  (Completed)Où les histoires vivent. Découvrez maintenant