18. A Piece Of Romance

Comincia dall'inizio
                                    

"အင်း .... ကျွန်တော်က ဝမ်ဟောက်ရွှမ်း ...."

"ကိုကို ဝင်ပြီနော် ....."

နှစ်ရှည်လများစွာ မကျေနပ်ချက်တွေစုထားတဲ့ မျက်နှာနဲ့ ရှောင်းကျန့်ကို နှုတ်ဆက်သွားတဲ့ ဝမ်ဟောက်ရွှမ်းဟာ တကယ်ကို သောက်မြင်ကတ်စရာလေးပါပဲ .....

ရိပေါ့်လို ဖြူလုံးလုံးလေးနဲ့ သီးခြားစီ ဖြစ်တည်နေတယ် ....

"လိုက်ခဲ့လိုက် ငါနဲ့ပဲ ... မနက် ကြီးကြီးယန်လာမှ ကားယူလာခိုင်းလိုက် ...."

တစ်ချက်လွှတ်အမိန့်ကို နှလုံးသားပိုင်ရှင်က ချမှတ်တဲ့အခါ ...

ရိပေါ်ဟာ လိုက်နာဖို့ပဲ တတ်နိုင်ပါတယ် ...

ဒဏ်ကြေးထက် အဆပေါင်းများစွာပိုတဲ့ ဥပက္ခာတွေကို ...

မလိုချင်လို့ ရှောင်ဖယ်ရုံလေးတင်ပဲ ...

အကိုနဲ့ တူတူရှိတာနဲ့ လေထုအပူချိန်က ပြောင်းလဲလွယ်ပါတယ် ....

ရေခဲမှတ်အောက်ရောက်လောက်အောင် အေးစက်နေတဲ့ အနေအထားမျိုးကိုလည်း ရှောင်းကျန့်တကယ်မကြိုက်တော့ ရေဒီယိုကို Bluetooth နဲ့ ချိတ်ပြီး ဖွင့်လိုက်ပါတယ် ..

နောက်ဆုံးနားထောင်ခဲ့တဲ့ သီချင်းဟာ ....

Taeyeon ရဲ့ "Fine" ဖြစ်နေတဲ့အခါ ....

ပျော်စေချင်လို့ဖွင့်ပေမယ့် ....ပိုပြီး awkward ဆန်သွားမှာစိုးတဲ့အတွက် ...

သီချင်းပြောင်းဖို့လုပ်တော့ ....

ရိပေါ်ဟာ ခေါင်းလေး တလှုပ်လှုပ်နဲ့ လိုက်ညည်းနေလေရဲ့ ...

လက်ထပ်ပြီး ကိုးလကျော် ဆယ်လမှာ အရင်လိုပုံစံလေးကို ပထမဆုံး ပြန်တွေ့ရတာဖြစ်တဲ့အတွက် ....

ရှောင်းကျန့်ဟာ မီးပွိုင့်မိနေတုန်းလေးမှာ ရိပေါ်ကို တမြတ်တနိုးငေးရပါတယ် .....

"Happy Birthday အကို ....."

"ဟင် ...."

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ...."

တစ်နေ့တာလုံးအတွက် ဒီစကားလေး လိုအပ်နေတယ်ဆိုတာကို ရင်ခုန်သံတွေကြားမှ အဖြေရှာတွေ့ပါတယ် ....

ရှောင်းကျန့်ရဲ့ အရည်ပျော်မှတ်ဟာ ...

ရိပေါ်ဆိုတဲ့ ကောင်ငယ်လေးပဲ ဖြစ်ရော့တယ် ...

EPIPHANY  (Completed)Dove le storie prendono vita. Scoprilo ora