Chapter (6) _ လူသေတစ်ယောက်ရဲ့ အလှတရား

Start from the beginning
                                    

"ငါတို့ဆီမှာရှိတဲ့ ပါးနီတွေက သရဲအိမ်လိုမျိုးနေရာမှာ ဧည့်သည်တွေကို ကြောက်လန့်သွားစေဖို့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ဖို့    အရမ်းကို အရောင်တောက်လွန်းတယ်။ ဒါကြောင့် ငါက  ပါးနီတွေကို  လက်ပေါ် အရင်လိမ်းပြီး လိုချင်တဲ့ အရောင်ရအောင် စပ်နေတာ"

Chen Ge ရဲ့ လှုပ်ရှားတွေကအရမ်းကို ညင်သာပြီး တခဏအတွင်း  Xu Wan ရဲ့ မျက်ခွံပေါ်မှာ အဆင်ပြေတဲ့အရောင်အတွဲစပ်နဲ့ အိုင်းရှဲဒိုးကို တင်ပေးလိုက်သည်။

  Xu Wan က ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။

 "ဘော့စ်  ကတော်လိုက်တာ။ ဒါတွေအားလုံး ဘယ်ကနေ သင်လာတာလဲ "

"ငါ့မှာ မင်း မသိသေးတဲ့  ကျွမ်းကျင်မှုတွေ အများကြီးရှိသေးတယ်။ မိတ်ကပ်နဲ့ အလှပရေးရာပညာလည်း ငါ အလုပ်အားချိန်မှာ လေ့လာထားတဲ့ပညာတွေထဲကတစ်ခုပဲ။"

Chen Geက ပြုံးရင်း ရှင်းပြလိုက်သည်။ ဖုန်းအနက်ရောင်ထဲရှိ ဂိမ်းအပလီကေးရှင်းက လက်တွေ့ဘဝမှာ  တကယ် အထောက်ကူပြုတဲ့အတွက် သူ အတော်လေးကို စိတ်ဓါတ်တက်ကြွနေခဲ့သည်။

ဆယ်မိနစ်အတွင်း Xu Wanကို မိတ်ကပ်လိမ်းပေးပြီး သွားသည်။

"ကဲ.... ကြည့်လိုက်.. ဘယ်လိုလဲ "

မှန်ထဲတွင်ပေါ်နေတဲ့မိန်းကလေးရဲ့ပုံရိပ်က ရေဆေးပန်းချီကားထဲက ထွက်လာခဲ့သလို အရှေ့တိုင်းသူတစ်ယောက်ရဲ့အလှတရားကို အပြည့်ဝဖော်ကျူးနေသိလို ထင်ရသည်။ ဒါပေမယ့် သူမ တခုခုထူးခြားနေသလို ခံစားလိုက်ရသည်။

Xu Wan မှန်ရှေ့တွင်  သူမကိုယ်သူမ လှည့်ပတ်ကြည့်ရင်း မကြာခင် သူမအမူယာတွေပြောင်းလာပြီး ကျေနပ်စွာ ပြောလိုက်သည်။

"ဘော့စ် ကျွန်မဘဝမှ တစ်ခါမှ ဒီလောက်မလှဖူးဘူး။ ဒါတကယ်  ကျွန်မရဲ့ပုံ ဟုတ်ရဲ့လား"

"ဟုတ်တာပေါ့..."

"ဒါပေမဲ့..."

သူမစိတ်ထဲ မှန်ထဲက ပုံရိပ်ကို တုန့်ဆိုင်းစွာကြည့်ကာ ပြောလိုက်သည်။

"ဘာကြောင့် ကျွန်မက လူသေတစ်ယောက်ကို ကြည့်ရသလို ခံစားနေရတာလဲ။"

Xu Wanရဲ့မှတ်ချက်က Chen Ge ရင်ထဲကို အေးခနဲဖြစ်သွားစေသည်။ အလောင်းမိတ်ကပ်ပညာရဲ့ အဓိက ရည်ရွယ်ချက်က သေဆုံးသူရဲ့ အလှတရားကို ဖော်ထုတ်ပြသပေးဖို့ဖြစ်သောကြောင့် Chen Ge၏ မိတ်ကပ်ပညာက အသက်ရှင်နေတဲ့လူအတွက် သင့်တော်ခြင်းမရှိပေ။

"ဘာမှ စိတ်မပူနဲ့။ ခဏနေရင် ကစားကွင်းဖွင့်တော့မှာ။ ဒါကြောင့် မင်း မြန်မြန်အဝတ်စားလဲပြီး ဒုတိယထပ်က တစ္ဆေသတို့သမီး အခန်းမှာ ရပ်နေ။ Bluetoothနားကြပ်ကို တပ်ထားပြီး  ငါခိုင်းတာကို သေချာနားထောင်။"

Chen Ge က စကားလွှဲလိုက်ပြီး Xu Wanကို အလုပ်ခွင်ထဲ တွန်းပို့လိုက်သည်။  ကျန်တဲ့ အချိန်အနည်းငယ်အတွင်း တစ္ဆေသတို့သမီးအခန်းက အခြား အရုပ်တွေနဲ့   စက်ပစ္စည်းတွေကို လိုက်ပြင်နေသည်။ အလောင်းမိတ်ကပ်ပညာရဲ့ အကူအညီကြောင့် အရုပ် အားလုံးက ကြောက်စရာကောင်းလောက်အောင် အသက်ဝင်နေသည်။

" ဒီလောက်ဆိုရင် ရပြီလို့ထင်တယ်။ ငါ အားတော့မှ  ဒီအရုပ်တွေကို ဆေးလိုက်ခြယ်တော့မယ်။"

 Chen Ge ပစ္စည်းကိရိယာများကို သိမ်းပြီး အောက်ထပ်ကို  ဆင်းလာခဲ့သည်။  ဝင်ပေါက်နားမရောက်ခင်ကတည်းက ဧည့်သည်များ၏ စကားသံများကို ကြားနေရသည်။

"မင်းရော ဟိုအကျင့်မကောင်းတဲ့ခွေးမသားကို လက်စားချေဖို့လာတာလား "

"ဟုတ်တယ်။ ဟိုဗီဒီယိုထဲက အခန်းကြောင့် ကျွန်တော်လန့်ပြီး ဖုန်းကို လွှတ်ချမိတာ  ကွဲသွားပြီ။ဒါကြောင့် ဒီကောင်ကို စာရင်းရှင်းဖို့ လာရှာတာ "

"မင်းတို့ကမှ ကံကောင်းပါသေးတယ်ကွာ။ အဲ့ဟာကြီး ရုတ်တရက် ပေါ်လာတဲ့အချိန် ငါကေ ဘာင်းဘီချွတ်ထားမိတာကွ။ ငါကြောက်လွန်းလို့ ဘာမှတောင် မတွေးမိဘူး။ အသံကုန်အော်လိုက်မိတော့  ငါ့မိဘတွေက စိုးရိမ်တကြီးနဲ့ ငါ့အခန်းထဲပြေးဝင်လာတဲ့အချိန် ငါ့အောက်ပိုင်းက အဝတ်တစ်ခုတောင် မရှိဘူး။ လက်ထဲမှာလည်း တစ်ရှူးစက္ကူတစ်လိပ် ကိုင်ထားသေးတယ်။ မင်းတို့ စဉ်းစားကြည့် ငါ့အဖြစ်က ဘယ်လောက်တောင် ဆိုးဝါးလိုက်လဲဆိုတာ "

ဧည့်သည်များ မကျေနပ်ချက်တွေကို နားထောင်ပြီး Chen Ge မရယ်မိအောင် မနည်းထိန်းထားရသည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ခပ်တည်တည်နဲ့  တံခါးကို ဖွင့်လိုက်သည်။

"ကျွန်တော့ရဲ့ နိမ့်ကျတဲ့ သရဲအိမ်လေးကနေကြိုဆိုပါတယ် "

ဧည့်သည် တန်းကြီးကို မြင်လိုက်ရသောအခါ Chen Ge ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အထက်ကို ကော့တက်သွားသည်။ 

"Xiao Chen မင်းနေရာက မနက်အစောကြီးကတည်းက  စည်ကားနေပါ့လား။ မဆိုးဘူး"

 ပန်းခြံတွင်းထဲမှ ပြုပြင်ထိန်းသိမ်းရေးလုပ်နေသည့် ဝန်ထမ်းကြီးက အံ့အားသင့်စွာပြောလိုက်သည်။ သူက Chen Ge ကို နှုတ်ဆက်ဖို့ ဒီနရာသို့ လာခဲ့ပေမယ့် ခုလို ဧည့်သည်အများကြီးရောက်နေတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရတာဖြစ်သည်။ ဒါပေမယ့် ဒီဧည့်သည်တွေက ခါတိုင်း ပန်းခြံကိုလာတဲ့လူတွေနဲ့ မတူကြပေ။

"ဟုတ်ပါတယ်။  ကျွန်တော့ကို အားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"

Chen Ge  က ဂိတ်တံခါးကိုတွန်းဖွင့်ရင်းပြောလိုက်သည်။

" ခင်ဗျားကို အားပေးဖို့လာတယ်လို့ ဘယ်သူပြောလဲ။ အရှက်မရှိလိုက်တာ။ "

"ငါတို့က အကြွေးတောင်းဖို့လာတာ။ ကစားဖို့လာတာမဟုတ်ဘူး။း!"

"သူက ပိုင်ရှင်အစစ်လား။ မနေ့ညက ဗီဒီယိုတင်တာ မင်းလားကွ။ ငါ့ဓားဘယ်မှာလဲ။ ဓါးပေးစမ်း"

ဧည့်သည်များက စိတ်လှုပ်ရှားနေပြီး ဆူဆူညံညံဖြစ်နေပေမယ့်   Chen Ge က သူတို့ကိုစကားပြောလိုက်သည်။

"ခင်ဗျားတို့ ဒီနေရာကို ရောက်လာကြမှတော့ ဘာကြောင့် အထဲကိုဝင်မကြည့်ကြတာလဲ။  ပြင်းပြတဲ့ စိတ်လှုပ်ရှားမှုတွေကို ရှာဖွေတာက အကြောက်တရားကို တွန်းလှန်ဖို့အကောင်းဆုံးနည်းလမ်းပဲ။   အဆိပ်ကို အဆိပ်နဲ့တိုက်သလိုမျိုးပေါ့။ မနေ့ညက ဗီဒီယိုကို သတိမပေးပဲ တင်လိုက်မိတာကကျွန်တော့အမှားပါ။ဒီအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ဒါကြောင့် ဒီနေ့အတွက် သရဲအိမ် ဝင်ခွင့်လက်မှတ်အားလုံးကို 50 % ဈေးလျှော့ပေးပါ့မယ်။ ဒီလို အံ့အားသင့်စရာ ဈေးလျှော့ပေးတာကို  လက်လွတ်မခံကြပါနဲ့ဗျာ"

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now