အပိုင်း-၃၂

7.3K 481 22
                                    

💙 ပြင်းရှရှအချစ် 💙

အပိုင်း ( 32 )

ဟိုတယ် ကို သွားစရာမလိုတော့သည့်နောက်ပိုင်း ဘဏ္ဍာတိုက် အိမ်အပြင်ကို မထွက်ဖြစ်တော့ပေ။
သခင့်ကို သတိရပေမဲ့ သက်ဆိုင်သူရှိနေသည့်အတွက်ကြောင့် တွေ့ဖို့ ဝန်လေးနေမိသည်။

' မောင်လေးရေ.....'

အိမ်ထဲအပြေးဝင်လာသော အစ်မဖြစ်သူကြောင့် ဘဏ္ဍာတိုက် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး

' အလုပ်တွေပြီးခဲ့ပြီလား  ?......ခဏ အမောပြေ အအေးယူခဲ့မယ် '

'ရပါတယ် ကိုဥက္ကာနဲ့ သောက်ခဲ့ပြီးပြီ..... ဟိုတယ်ကအဆင်ပြေရဲ့လား? '

' ပြေပါတယ် အခုအကုန်လုံးပြီးသွားပြီ မမ စစ်ချင်သေးရင် သွားစစ်လေ အကုန်လုံးအဆင်ပြေရင် ကျွန်တော် ဂျပန်ကိုပြန်တော့မယ် '

' ဘာဖြစ်လို့လဲ..... ဘဏ္ဍာလေးပဲ ပုဂံကိုနေချင်တာဆို '

သူမမေးတာကို မဖြေပဲ အခန်းထဲဝင်သွားသောမောင်လေးကြောင့် မင်းဘဏ္ဍာ တစ်စုံတစ်ဦး ထံဖုန်းဆက်လိုက်သည်။

ညနေစောင်းခါနီးအချိန်မှ အဝတ်အစားအပြည့်အစုံနဲ့ ထွက်လာသော ဘဏ္ဍာတိုက်ကြောင့် မင်းဘဏ္ဍာ အံ့သြ သွားပြီး

' အပြင်ထွက်မလို့လား မောင်လေး '

' ဟုတ်.....ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကို ခဏသွားလည်မလို့ မမရော လိုက်ဦးမလား? '

' မလိုက်တော့ပါဘူး လုပ်လက်စအလုပ်မပျက်သေးလို့လေ ၊ မောင်လေးအဆင်မပြေရင်တော့ မမလိုက်ခဲ့မယ်လေ '

' အဆင်ပြေပါတယ်.......ဒါဆို ကျွန်တော်သွားပြီနော် '

.................................

ညနေ ဆည်းဆာနဲ့လိုက်ဖက်လှသော ကျောင်းဆောင်ကိုကြည့်ရင်း ငယ်ငယ်ကအကြောင်းတွေကို သတိရလာသည်။
မယ်တော်တို့သာ သူ့ကို မွေးစားဖို့မလာခဲ့ဘူးဆိုရင် သခင့်နဲ့ တွေ့ရမည်မဟုတ်။
ငယ်ငယ်ကအမှတ်တရများစွာက သခင်နဲ့ဆက်နွယ်နေတာကြောင့် တွေးရင်းနဲ့ပင် ဘဏ္ဍာတိုက် သဘောကျလာသည်။

' ကိုကို!'

' ဟင်.....ကလေးဘာဖြစ်လို့လဲ? '

' သားရဲ့ညီလေး အခန်းထဲပိတ်မိနေလို့ ကိုကိုကယ်ပါဦး '

ပြင်းရှရှအချစ် Where stories live. Discover now