❤ ပြင်းရှရှအချစ် ❤
အပိုင်း ( ၂၃ )
အာရုံမိုးသောက်အချိန် ဘားအံကို သွားဖို့အတွက် သခင် အဆင်သင့်ဖြစ်၍နေသည်။
ထိုအချိန်မှာ အထုတ်အပိုးများစွာနဲ့ထွက်လာသော ဘဏ္ဍာတိုက်' ကိုယ်ကူသယ်ပေးပါ့မယ်ဆိုကွာ '
' ရပါတယ် သခင် ပင်ပန်းမှာပေါ့ '
' ငါ့ကိုကြတော့ ဘယ်သူကမှ ကူမပေးကြပါ့လားနော်၊ မွေးရကျိုးနပ်တဲ့ ကလေးတွေ '
အထုတ်အပိုးပေါင်းမြောက်များစွာနဲ့ ထွက်လာသော တီလေးရဲ့ ထောပနာသံကြောင့် သခင်ရော ဘဏ္ဍာတိုက်ပါ တီလေးဆီအပြေးသွားကူရတော့သည်။
နို့မို့ဆို အပျိုကြီးတွေရဲ့ဗီဇအတိုင်း ပြော၍ပြီးမည်မဟုတ်။သခင်တို့လာကူမှ တီလေးတစ်ယောက်အသံတိတ်သွားပြီး ကားဆီသို့ကျော့ကျော့လေး ထွက်သွား တော့သည်။
' နီဆွေးပါ့လား ၊ ဂျပန်သွားမယ်ဆို သမီးလေး '
' ဟုတ်တယ် တီလေးရဲ့ ၊အဲ့ဒါကြောင့် ကိုကို့ကိုလာပြီး နှုတ်ဆက်တာ '
ခြံထဲဝင်လာသော နီဆွေးကိုမြင်သည်နှင့် ဘဏ္ဍာတိုက်ကို ကွယ်ကာ သခင်ရပ်လိုက်သည်။
ထိုလုပ်ရပ်ကို နီဆွေးမြင်လိုက်ပေမဲ့ အပြုံးမပျက် သခင်ရှိရာသို့ ရောက်လာပြီး' ကိုကို '
' အင်း... '
အေးစက်စက်နိုင်တဲ့ ထိုလူသားကြောင့် နီဆွေး ပြောဖို့စကားပင် ပျောက်ရှကုန်သည်။
နောက်ဆုံးအကြိမ်အနေနဲ့တော့ ကိုကိုဆီက နွေးထွေးမှု လေး ရချင်မိ၏။' နီဆွေး မေမေ့ဆီလိုက်သွားရတော့မယ် ၊အဲ့ဒါကြောင့် လာနှုတ်ဆက်တာပါ '
' ပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေ '
' ကျေးဇူးတင်ပါတယ် ကိုကို ၊ ကိုကိုလည်းပျော်ရွှင်ပါစေ '
သခင့်ထံမှ ဆုတောင်းသံကြားပြီးနောက် နီဆွေး သခင့်နောက်ကို လှမ်းကြည့်ကာ
'ဘဏ္ဍာတိုက် နင်ငါ့ကိုနှုတ်မဆက်တော့ဘူးလား? '
သခင်သူ့ကို ဘာကြောင့်ကွယ်ရပ်လိုက်တယ်ဆိုတာ ဘဏ္ဍာတိုက် မသိလိုက်ပေမဲ့ နီဆွေးရဲ့အသံကြားတော့မှ သခင့်ရဲ့လုပ်ရပ်ကို သဘောပေါက်သွားသည်။
ထိုအသိနဲ့အတူ ရင်ခုန်ခြင်းတွေလည်း လှိုက်ခုန်လို့ပါလာသည်။