တွေ့ဆုံခြင်းရဲ့အစ

40.5K 1.4K 61
                                    

❤ ပြင်းရှရှအချစ် ❤

အပိုင်း ( ၁ )

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာတည်ရှိပြီး မြန်မာသာမက ကမ္ဘာကပါသိရှိသော ပုဂံညောင်ဦးမြို့ရဲ့ အထက ၁ကျောင်းကြီးထဲတွင် လူရည်ချွန်  ထူးချွန်ဆုပေးပွဲအခန်းအနားကျင်းပလျက်ရှိသည်။

' ပထမတန်းမှ တစ်နှစ်တာအဆင့်တစ်ကို ရရှိသွားသူကတော့ မောင်နေမင်းသခင် ဖြစ်ပါတယ်ရှင့် '

စီစဉ်တင်ဆက်သူ ကြေငြာလို့အပြီးမှာ
အသက်၆နှစ်အရွယ် နို့နှစ်ရောင် အသားရေပိုင်ရှင်လေးက အဖြူအစိမ်းအင်္ကျီလေးနဲ့ စင်မြှင့်ပေါ်သို့ ဆုတက်ယူနေစဉ် လူအများက ဂုဏ်ပြု ချီးကျူးကာ လက်ခုပ်များတီးပေးကြသည်။

အရာရာကိုပိုင်ဆိုင်ထားတဲ့ နေမင်းသခင်ဆိုတဲ့ကောင်လေးက ရှေးမင်းဆက်များရဲ့မြစ်လည်းဖြစ်သည်။
ဘိုးဘေးတို့ရဲ့အစဉ်အလာကို ငယ်စဉ်ကတည်းကလိုက်နာသူမို့ အသက်အရွယ်က ၆နှစ်သာဆိုပေမဲ့ လူကြီးဆန်လွန်းသည်။ မာနကြီးသည်။
မိဘနဲ့ဆွေမျိုးတွေရဲ့အလိုလိုက်ခြင်းကို ခံရသူပီပီ
လိုချင်တဲ့အရာကို မရရအောင်ယူတက်တဲ့ အကျင့်လည်းရှိနေပေသည်။
အနည်းငယ် တစ်ဇွတ်ထိုးဆန်တက်သည်။
ပြောပြီးသားစကားကိုလည်း ပြန်မပြင်တက်တာကြောင့် မိဘတွေအဖို့အမြဲခေါင်းစားရစမြဲပါ။
လိုချင်တဲ့အရာကို give & take အနေနဲ့လည်း တစ်ခါတစ်ရံ တောင်းဆိုတက်သေးသည်။

' မယ်တော် ပြောသလို သခင် ဆုယူပြီးပြီမို့ သခင်လိုချင်တာကိုလည်း ချက်ချင်းပေးပါ မယ်တော် '

သခင်ဆိုတဲ့နာမည်က အထက်စီးဆန်ပေမဲ့ နေမင်းသခင်အတွက်တော့ ပုံမှန်ဖြစ်လို့နေသည်။
သခင်တောင်းဆိုတာ ကြာပြီဖြစ်သော်လည်း ပထမဆုရမှ ပေးမယ်လို့ မိဘတွေက အပေးအယူလုပ်လာတာကြောင့် အခုတောင်းဆိုနေခြင်းဖြစ်သည်။

'  ဟိုလေ...သားအတွက် ညီမလေးယူဖို့ဆိုတာ အချိန်တစ်ခု....'

မယ်တော် စကားမဆုံးခင်မှာ သခင်စကားဖြတ်ပြောလိုက်မိသည်။
ထိုလုပ်ရပ်က မကောင်းမှန်းသိပေမဲ့ မယ်တော်ရဲ့ စကားက အငြင်းဘက်ကို အားသန်နေတာကြောင့် အခုလို စကားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။

ပြင်းရှရှအချစ် Where stories live. Discover now