အထင်လွဲမှားသောနေ့စွဲရက်

9K 698 35
                                    

❤ ပြင်းရှရှအချစ် ❤

အပိုင်း ( ၂၀ )

' ရေး.....ဟေး...ဟေး စာမေးပွဲ ပြီးပြီကွ! '

စာအုပ်တွေကို လေပေါ်ဝဲကာဝဲကာ ပစ်တင်နေသော ဆက်သကိုကြည့်ပြီး ဘဏ္ဍာတိုက် ပြုံးလိုက်မိသည်။

' ဖြေနိုင်လား ဘဏ္ဍာတိုက် '

လေပေါ်မှကျလာသော စာအုပ်ကို ဆက်သဖမ်းလိုက်ပြီး ဘဏ္ဍာတိုက်ရဲ့ဘက်ကိုလှည့်ကာ မေးလိုက်သည်။

' မဆိုးပါဘူး မင်းရော ဖြေနိုင်လား? '

ဘဏ္ဍာတိုက် ဆက်သရဲ့အမေးကို ဖြေပြီး ဘာရယ်မဟုတ် ရယ်ပြလိုက်သည်။

အမြဲတမ်း ခေါင်းငုံကာ နေတက်သော ပြုံးရယ်ရမှာကို ရှက်ရွံ့နေသော ဘဏ္ဍာတိုက်ရဲ့အပြုံးတစ်ချက်ကြောင့် ဆက်သ ငေးကြည့်ရင်း ပတ်ဝန်းကျင်ကိုပါ မေ့လျော့သွားသည်။

ဘယ်လိုတောင် လှပတဲ့ အပြုံးလေးလည်းကွာ......

မိမိကိုငေးကြည့်ပြီးပြုံးနေသော ဆက်သကြောင့် ဘဏ္ဍာတိုက် နေရခက်လာသည်။

' ဟို.....ငါပြန်တော့မယ် '

' နေပါဦး....ဒီနေ့နောက်ဆုံးရက်ဆိုတော့ ငါတို့လျှောက်လည်ကြမလား '

' အင်း! '

ဘဏ္ဍာတိုက်လည်း အိမ်မပြန်ချင်သေးတာကြောင့် ဆက်သနဲ့အတူ လျှောက်လည်ဖို့ သဘောတူလိုက်သည်။

' လာ..... သွားကြစို့ '

ဆက်သ ဆွဲခေါ်ရာနောက်ကို ဘဏ္ဍာတိုက် မငြင်းဆန်ပဲ လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက်ရဲ့ နောက်ကွယ်မှာ လူတစ်ယောက်က အစဉ်မပျက်စောင့်ကြည့်လို့နေလေသည်။

ဧရာဝတီ ကမ်းနဖူးပေါ်မှာ တည်ထားသော ဗူးဘုရားကို ကျွန်တော်နဲ့ ဆက်သရောက်ရှိလို့နေသည်။

ဧရာဝတီမြစ်ကိုကျော်၍ တိုက်ခတ်လာသော လေအေးများက ဘဏ္ဍာတိုက်ရဲ့ မှိုင်းညို့နေသောစိတ်ကို ကြည်လင်စေသည်။
ကြည်နူးဖွယ်ရာ ဖြစ်သော ဗူးဘုရားမှာ ရှိခိုးဦးခိုက်ရင်း မိမိရဲ့တစ်ခုတည်းသော ဆုကို ဘုရားရှင်ထံ တောင်းဆိုလိုက်သည်။

' အကြော်သွားစားရအောင် ဘဏ္ဍာတိုက် '

ဘုရားဖူးပြီး ကမ်းပါးနားက အကြော်ဆိုင်မှာ ဘဏ္ဍာတိုက်တို့ ထိုင်လိုက်သည်။

ပြင်းရှရှအချစ် Where stories live. Discover now