ပြန်လည်တွေ့ဆုံရန် လမ်းစသစ်တစ်ခု

10.2K 864 48
                                    

❤ပြင်းရှရှအချစ် ❤

အပိုင်း ( ၁၃ )

မချစ်တက်လို့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်မပြတက်တာ
ကိုယ့်ရဲ့ အမှားလား?
အမှန်ဆို ငါ့ရဲ့အချစ်တွေကို မင်းမြင်သင့်တယ် အရုပ်လေး

                နေမင်းသခင်

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

မှန်းရခက်တဲ့ သခင့်ရဲ့စိတ်ကြောင့်.......

ကျွန်တော် ပင်ပန်းတယ်......

             ဘဏ္ဍာတိုက်

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

အချစ်ဆိုတာ ပေးဆပ်ခြင်းရော ရယူခြင်းအချစ်ရောရှိတယ်လို့ လူတွေက အဓိပ္ပာယ် ဖွင့်ဆိုကြပေမဲ့
ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ရယူခြင်းပဲ..

       ဆက်သ
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

ကျွန်မရဲ့ အရာရာတိုင်းက ကိုကိုဖြစ်နေပေမဲ့
ကိုကိုရဲ အရာရာတိုင်းက ကျွန်မ မဖြစ်ခဲ့ဘူး....
အဲ့ဒီတော့ ကိုကိုရဲ့အရာရာတိုင်းဖြစ်ဖို့ ကြိုးစားမိတာ ကျွန်မအမှားလား............

နီဆွေး

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

မိုးသားများကင်စင်ပြီး ကြည်လင်တောက်ပနေသော နေရောင်ခြည် အလင်းတန်းများက ဘဏ္ဍာတိုက် အပေါ်ကျရောက်လို့နေလေသည်။
မနက်ခင်းနေရောင်ခြည်က လူရဲ့ခန္ဓာကိုယ်ပေါ်က ရောဂါပိုးမွှားတွေကို သေစေနိုင်တယ်တဲ့လေ ။
ကျွန်တော့်ကို ဖျားအောင်လုပ်တဲ့ ရောဂါပိုးတွေ သေပါစေလို့ အကျင့်ပုတ်ကာ ဆုတောင်းနေမိတယ် ။

ကျောပိုးလွယ်အိတ်လေးနဲ့ အခန်းထဲဝင်လာသူ ဘဏ္ဍာတိုက်ကြောင့် ဆက်သရဲ့ ထုံထိုင်းနေတဲ့ စိတ်တွေ ပေါ့ပါးသွားသည်။
ဘဏ္ဍာတိုက် ကျောင်းမလာသည့်နေ့ရက်တိုင်းမှာ
ကိုယ့်ဘဝရဲ့ နေရောင်ခြည်က ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားမိတယ်။
အခု ကျွန်တော့်ရဲ့ နေမင်းကြီး ရောက်လာတော့ ကျွန်တော့အဖြစ်က နေကြာပန်းလေးလို့ လန်းဆန်းလို့နေပြန်တယ်။

' ဟေ့..........ချစ်လေး လွမ်းလိုက်တာကွာ '

မကြားရတာကြာပြီဖြစ်သော ဆက်သရဲ့အသံကြောင့် ဘဏ္ဍာတိုက် ပြုံးလိုက်မိတယ်။

ပြင်းရှရှအချစ် Where stories live. Discover now