လျှိုဝှက်ခြင်းများနဲ့သူ

8.9K 684 26
                                    

❤ ပြင်းရှရှအချစ် ❤

အပိုင်း ( ၂၂ )

သခင် အဝတ်အစားတွေကို ထုတ်ပိုးနေရင်း......
ကုတင်ပေါ်မှာ အိပ်ပျော်နေသော ဘဏ္ဍာတိုက်ကို တစ်ချက်ကြည့်မိသည်။
အိပ်နေလျှင် ချစ်ဖို့ကောင်းသလောက် အိပ်ယာမှထသည်နှင့် အရင်ကနှင့်မတူ သူ့အပေါ် လူလည်ကျလွန်းသော ဘဏ္ဍာတိုက်လေး....
လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ ပြောင်းလဲသွားသော ဘဏ္ဍာတိုက်ကို သခင်ချစ်သလို ၊ ဟိုးအရင်က သိမ်မွေ့လှသော ဘဏ္ဍာတိုက်ကိုလည်း သခင် မြတ်နိုးသည်။

အခုလည်း ဘဏ္ဍာတိုက် အိပ်ပျော်နေသည်မို့ အဝတ်အစား အထုတ်အပိုးများ ပြင်ဆင်နေရခြင်းဖြစ်သည်။ သူလေးနိုးလာရင်တော့.......

' သခင်...'

သခင်တွေးလို့တောင်မဆုံးသေး နောက်ကျောဘက်မှ သခင်ဟုခေါ်သံတိုးတိုးလေး စတင်ကြားရချေပြီ။

' ဟင်! .....သခင် ဘယ်မှမသွားရဘူး.....ကျွန်တော့်ကို ပစ်မသွားပါနဲ့ '

အဝတ်အစားထည့်ထားသည့် အိတ်များကို မြင်သည်နှင့် စတင် အော်ဟစ် သောင်းကျန်းနေသော ဘဏ္ဍာတိုက်ကို သခင် ထွေးပွေ့လိုက်သည်။

'မင်းကိုထားပြီး ကိုယ် ဘယ်မှမသွားပါဘူးကွာ '

' ညာတာ.....သခင်က ကျွန်တော့ကို ကလေးဆိုပြီး ညာတာ '

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်စီးကျကာ သူ့ကို ရိုက်နေသော ဘဏ္ဍာတိုက်
သခင် ထိုအမူအရာလေးကို သဘောကျပြီး တစ်ဖက်လှည့်ကာ ပြုံးလိုက်သည်။

' ဘဏ္ဍာတိုက်!!!...... မင်းဘာဖြစ်လို့ ကိုယ့်ကိုမယုံရတာလဲ? '

ခက်ထန်လှသော သခင့်ရဲ့အသံကြောင့် ဘဏ္ဍာတိုက် သခင့်အပေါ်ထုရိုက်ခြင်းများ ရပ်တန့်ကုန်သည်။
ပြီးနောက် သခင့်ကို မော့ကြည့်ပြီး ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ ပြီးနောက် ခပ်ဝေးဝေးနေရာသို့ ရွေ့ကာ တအိအိနဲ့ ရှိုက်ကြီးတငင် ငိုနေပါတော့သည်။

သခင် သူ့ကို မုန်းသွားခဲ့ချေပြီ.....
သူ့ကိုပစ်ပြီး ထားခဲ့တော့မည်....
အရင်ကလို ကျွန်တော့်အပေါ် အနိုင်ယူပါ သခင်....
ကျွန်တော့ကို ပစ်မသွားပါနဲ့လား သခင်ရယ်.......
အတွေးနဲ့တင် မခွဲနိုင်သူပါ........
သခင် ဘယ်လောက်ပဲဆိုးဆိုး ကျွန်တော်သည်းခံမယ်လေနော်.......

ပြင်းရှရှအချစ် Tempat cerita menjadi hidup. Temukan sekarang