သူစိမ်းဆန်သော စကားများ

7.6K 533 8
                                    

💙 ပြင်းရှရှအချစ် 💙

အပိုင်း ( ၂၆ )

ခွမ်း........

မနက်ခင်းတိုင်း အမြဲကြားနေရတဲ့ အသံတွေက
မြခက်တို့ညီမနှစ်ယောက်အတွက် မထူးဆန်းတော့ပါ ။

' အမလေး..... အစ်ကိုလေးက....'

ရှေ့ဆက်မဲ့ စကားများကို မြခက်သိတာမို့

' ရပြီဒေါ်လုံး..... လုပ်စရာရှိတာသွားလုပ်ပါတော့ '

' ဟုတ်.... မမလေး '

ဒေါ်လုံးထွက်သွားသည်နှင့် မြရိပ် အစ်မဖြစ်သူရဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

' ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ မမရယ်၊ သခင် စိတ်ကို မမလည်းသိရက်နဲ့.....ဟို ဘဏ္ဍာတိုက်....... '

'ဆက်မပြောနဲ့တော့ မြရိပ် ငါ့သားအခုလိုဖြစ်နေတာ နင့်အပြစ်လည်းမကင်းဘူး......အဲ့ဒါ နင်သိရဲ့လား '

' သိပါတယ် မမရယ်...ဒါပေမဲ့....... '

' သိတယ်ဆိုရင်ပြီးတာပဲ မြရိပ် နောက်ဆက်တွဲ စကားလုံးတွေ ငါ မကြားချင်ဘူး ငါ့ကိုအခန်းထဲလိုက်ပို့ပေးတော့ အနားယူချင်ပြီ '

တယူသန်လှတဲ့ သခင်နဲ့ ခေါင်းမာလွန်းတဲ့ မမ ကြား မြရိပ် သေ သာ သေပစ်လိုက်ချင်တော့တယ်
နှစ်ဦးသား အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်မှာ မြရိပ်စိတ်ထဲ မြင်ယောင်နေမိသည်။
..........................

မင်း.....ငါ့ကို ထားသွားရက်တယ်နော်
ငါ့ကို ဖြေရှင်းခွင့်တောင် မပေးပဲ ချက်ချင်းပစ်ခွာရက်တဲ့ မင်းကို မုန်းချင်လိုက်တာ ဘဏ္ဍာတိုက်ရာ....
ငယ်ငယ်က မင်းအပေါ် ငါမကောင်းခဲ့လို့ ကလဲ့စားချေတဲ့ သဘောလားကွာ

ရှုပ်ပွနေတဲ့ ဆံပင်ကို လက်ဖြင့်ထိုးဖွရင်း
ဆေးလိပ်ကို ခဲလိုက်သည်။
မင်းမရှိတဲ့အတောအတွင်း ကိုယ် ပြောင်းလဲနေပြီ
မင်းကိုယ့်အကြောင်းကို ဆက်ပြီး မသိချင်တော့ဘူးလား ကွာ...........
မင်းကိုယ့်ဆီပြန်လာဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ပေမဲ့
မင်းရဲ့ အရိပ်အယောင်တောင် မတွေ့ရတဲ့ အခါမှာ ငါရင်နာတယ် ဘဏ္ဍာတိုက်......
ငါပေးခဲ့တဲ့အချစ်ကို မမြင်ပဲကိုး.....

ပြင်းရှရှအချစ် Where stories live. Discover now