အကြောင်းပြချက်မရှိသော ဒေါသများ

12.9K 1K 37
                                    

❤ ပြင်းရှရှအချစ်  ❤

အပိုင်း ( ၃ )

ဘဏ္ဍာတိုက် သခင့်အိမ်ကိုရောက်တာ နှစ်ပတ် တင်းတင်း ပြည့်လုနီးပြီဖြစ်သည်။ ထိုအိမ်ရောက်ကတည်းက လွတ်လပ်ခြင်းများပျောက်ဆုံးနေသလိုပင်။
ဘာပဲလုပ်လုပ် သခင့်စိတ်တိုင်းကျမှသာ လုပ်ပိုင်ခွင့်ရှိသည်။
အရင်လိုမျိုး ဘောင်းဘီတို တီရှပ်လက်တိုတွေ ဝတ်ချင်ပေမဲ့ အမြဲတမ်းဝတ်နေရတာက မိန်းကလေး အင်္ကျီ များသာ................
အခုလည်း သခင်က သူ့ရဲ့သူငယ်ချင်းများနဲ့ ဘောလုံးကန်နေသည်။
ကျွန်တော်ရော ကစားချင်တယ်ပြောတော့ သခင်က မျက်မှောင်ကြုတ်ပြီး

ဘောလုံးက...မိန်းကလေးနဲ့မသက်ဆိုင်ဘူးတဲ့ ။ သိက္ခာရှိရှိ ကိုယ့်ဘာသာ အရုပ်နဲ့ဆော့နေတဲ့ ။

ဘယ်လိုတောင် အကျင့်ပုတ်တဲ့ သခင်လည်း။
သူပြောသလိုသာဆို ဘောလုံးကန်နေတဲ့ မိန်းကလေးတွေကပဲ သိက္ခာမရှိတော့သလိုလို။ သခင်တို့လို့စိတ်ထားမျိုးရှိတဲ့သူတွေကြောင့် မြန်မာအားကစားက ကမ္ဘာကိုမလွှမ်းတာ ဖြစ်မယ်.........

' ဗုန်း.!!........'

ခေါင်းတည့်တည့်ကို လာမှန်တဲ့ ဘောလုံးကြောင့် ဘဏ္ဍာတိုက် နောက်ပြန်လဲသွားသည်။
နာကျင်မှုကြောင့် မျက်ရည်များစီးကျလာသည်။

' ဟေ့.....နာသွားလား? ဆောရီးပဲ နော် '

ကျွန်တော့ရဲ့ပုခုံးကိုပုတ်ပြီး တောင်းပန်နေတဲ့သူ့ရဲ့စကားသံထဲမှာ ဂရုဏာအသံပါနေတာကို ဘဏ္ဍာတိုက်သတိထားမိတယ်။ ထိုသူကို ကြည့်လိုက်တော့ သခင်ရဲ့သူငယ်ချင်းထဲက တစ်ယောက်ဖြစ်နေသည်။

' ရပါတယ် ။ ဘဏ္ဍာ မနာပါဘူး '

တမင် နာကျင်အောင်လုပ်တာမဟုတ်ဘဲ မတော်တဆဖြစ်သွားတာကြောင့် ဘဏ္ဍာတိုက် ထိုသူကို ခွင့်လွှတ်ပေးလိုက်သည်။

မျက်ရည်လေးတွေကိုသုတ်ပြီး ပြောနေတဲ့ သူမရဲ့ပုံစံက ရဲသွေးမျက်လုံးထဲမှာ တော်တော်ချစ်ဖို့ကောင်းနေသည်။

' မင်းက ချစ်ဖို့ကောင်းသားပဲ ။ အိမ်က ညီမနဲ့ တခြားစီ ။

ရဲသွေး ထိုကောင်မလေးရဲ့ ခေါင်းလေးကိုပုတ်က ချီးကျူးလိုက်သည်။ ထိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်မလေးရဲ့ နာမည်က ဘဏ္ဍာတဲ့ ။ ပြီးတော့ သူမလေးက သခင်နဲ့ ဘယ်လိုတော်စပ်လဲပါ သိချင်လာသည်။ သခင်က ရုပ်တည်သလောက် သူမရုပ်ကလေးက ချိုသာလွန်းတယ်။ အိမ်က ညီမ ဒေါ်မာနကြီးရှင် ဆပ်စလူးစိန်ထက်လည်း လှသည်။

ပြင်းရှရှအချစ် Where stories live. Discover now