မြတ်နိုး တန်ဖိုးထားဖွယ် အချိန်များ

12K 988 52
                                    


❤ ပြင်းရှရှအချစ် ❤

အပိုင်း ( ၅ )

သခင်တို့အိမ်ကစားမယ်ဆိုပြီး ထွက်သွားတဲ့သားက တွေဝေငေးမှိုင်စွာ အိမ်ကိုပြန်လာတာကြောင့်

ဦးသိန်းမြတ် က သားဖြစ်သူ ရဲသွေးကို သူ့အနားလာရန်လှမ်းခေါ်လိုက်သည်။
ဦးသိန်းမြတ် က သခင်တို့အိမ်ရဲ့ မိသားစုဆရာဝန်တစ်ဦးဆိုလည်း မမှားပေ။
ထိုကြောင့် သူ့ရဲ့သားဖြစ်သူ ရဲသွေးနဲ့ သခင်တို့ သူငယ်ချင်းတွေဖြစ်နေကြခြင်းဖြစ်သည်။

' ဘာဖြစ်လာတာလဲ? သား ။  ဟိုကလေးလေး နေမကောင်းတော့ သခင်က မကစားဘူးတဲ့လား? '

လက်ထဲက ဘောလုံးကို မြေပြင်သို့ပစ်ချလိုက်ပြီး
အဖေဖြစ်သူအနား ရဲသွေး ဝင်ထိုင် လိုက်သည်။ သို့သော် အဖေ့ရဲ့အမေးတွေကိုတော့ ပြန်မဖြေမိပါ။

မဖြေတာထက် ဝေခွဲမရတာဆိုပိုမှန်လိမ့်မည်။ အဖေ့ကို ဘဏ္ဍာတိုက်က မိန်းကလေးမဟုတ်ကြောင်းမေးသင့် မမေးသင့်ကို ရဲသွေး ခေါင်းပူမတက်စဉ်းစားနေမိတယ်။

' ဟော.....အတွေးတွေထဲနစ်မြောနေပြန်ပြီ ၊အဖေမေးတာ မဖြေနိုင်အောင် ဘယ်ကောင်မလေးအကြောင်းတွေးနေတာလဲ သား'

အဖေ့ရဲ့ စနောက်သလိုပြောတဲ့အသံကြောင့် ရဲသွေး ဘဏ္ဍာတိုက်ရဲ့မျက်နှာ ကိုပြေးမြင်မိတယ် ။
ဖြူဖြူးသေးသေး မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်မလေး အဲလေ...ကောင်လေး
သခင့်အပိုင်မှန်းသိပေမဲ့ ဘဏ္ဍာတိုက်ကို ရဲသွေး ပိုင်ဆိုင်ချင်မိတယ်။
လူ့စိတ်ဆိုတာ ခက်တော့ခက်သား..........
မရမှန်းသိနေလျှက်ပင်  မျှော်လင့်ချက်တွေနဲ့စောင့်နေမိသလိုမျိုး

' မဟုတ်ပါဘူး ဒယ်ဒီရာ သခင်ပေါ့ ကျွန်တော့်ကို အဖက်မလုပ်ဘူး သူ့အရုပ်မလေးကိုပဲအရိပ်တကြည့်ကြည့် ကြည့်နေတော့ သားလည်း အိမ်ပြန်လာရတာပေါ့ '

ရဲသွေး အဖေဖြစ်သူကိုလိမ်လိုက်ရ၍ စိတ်မကောင်းဖြစ်ပေမဲ့ လူကြီးတွေကိစ္စထဲ ဝင်မပါတာအကောင်းဆုံးမို့ သူ့လုပ်ရက်ကိုနောင်တမရမိပါ။

အင်း!........
သခင်က အစွဲအလန်းကြီးပုံနဲ့ မယ်တော်ရဲ့တဇွတ်ထိုးဆန်မှုတွေ ထိပ်တိုက်တွေ့တဲ့ တစ်နေ့ ပြဿနာတွေ အကြီးအကျယ် တက်မယ်ဆိုတာ ဦးသိန်းမြတ်
စိတ်က သိနေမိတယ်။

ပြင်းရှရှအချစ် Where stories live. Discover now