❤ ပြင်းရှရှ အချစ် ❤
အပိုင်း ( ၉ )
ညနေ ၃နာရီခွဲပြီး ကျောင်းဆင်းချိန်တွင် ဘဏ္ဍာတိုက် အိမ်ပြန်ရမည့်အရေး တွေးပြီး လန့်နေမိတယ်။
ဘဏ္ဍာတိုက် သက်ပြင်းချကာ ချကာ နဲ့ ကျောင်း တံခါးပေါက်နား အရောက်
ပုခုံးပေါ်ရောက်လာသော လက်တစ်စုံကြောင့် ထို လက်ပိုင်ရှင်ကို မော့ကြည့်စရာမလို အလိုလိုသိနေခြင်းကြောင့်
' ငါ စိတ်ရှုပ်နေလို့ပါကွာ ငါ့ကိုမနှောက်ယှက်ပါနဲ့ '
' မင်း ဘယ်သူ့ကိုပြောနေတာလဲ? ဘဏ္ဍာတိုက်
မနက်က ဟိုတစ်ယောက်ဖက်တုန်းက ငြိမ်ခံနေပြီး
ငါ ဖက်တော့ စိတ်ရှုပ်တယ်ပေါ့ ဟုတ်လား? '' ဟင်! !'
သခင့်အသံကြောင့် ဘဏ္ဍာတိုက် အံ့သြစွာ မော့ကြည့်မိတယ်။
မဟုတ်ပါစေနဲ့လို့ ဆုတောင်းပေမဲ့ ကျွန်တော့် ဆုတောင်းမပြည့်ခဲ့ပါ။
ကျွန်တော့ ဘေးမှာရပ်ပြီး စူးရှတဲ့မျက်လုံးများနဲ့ စိုက်ကြည့်နေသော သခင့်ကြောင့် ဘဏ္ဍာတိုက် အလိုလိုနေရင်း သိမ်ငယ်လာသည်။
ထိုကြောင့် ဘဏ္ဍာတိုက် သခင့်ကို ရင်မဆိုင်ရဲတာကြောင့် ခေါင်းကိုငုံ့ လိုက်သည်။
သခင့်အနားမှာရှိရင် ထိုပုံစံက ဘဏ္ဍာတိုက်ရဲ့ မူပိုင်ပုံစံပင်ဖြစ်လို့နေသည်။ကျောင်းရှေ့မှာ ကိုကို့ကို တွေ့လိုက်တာကြောင့် အော်ခေါ်ဖို့ဟန်ပြင်လိုက်ပေမဲ့ ကိုကို့ဘေးနားက ဘဏ္ဍာတိုက်ကိုပါ မြင်လိုက်ရသည်မို့ နီဆွေး
' တောက်......'
နီဆွေးရဲ့ တောက်ခေါက်သံကြောင့် အနားမှာရှိတဲ့ မြတ်တော်ဝင် ပင် လန့်သွားသည်။
' အမလေး.....နီဆွေးရယ် လန့်လိုက်တာဟယ် '
မပြေးရုံတစ်မယ် ထွက်သွားသော နီဆွေးကြောင့် မြတ်တော်ဝင် စကားဆက်ပြောချိန်မရလိုက်။
နီဆွေးသွားတဲ့ နေရာကို ကြည့်လိုက်မှပဲ မြတ်တော်ဝင် သဘောပေါက်သွားတယ်။သြော် နီဆွေးရဲ့ ကိုကို ရောက်နေတာကိုး.........။
သူမကိုကိုနဲ့ပတ်သက်ရင် အရာရာကို စိတ်မထိန်းနိုင်ဘဲ လုပ်ချင်ရာလုပ်ပစ်တက်သည်။