အတွေးများနဲ့ ကခုန်ခြင်း

10.4K 890 21
                                    

❤ ပြင်းရှရှအချစ် ❤

အပိုင်း ( ၁၁ )

' ကျွန်တော် တောင်းပန်ပါတယ်........ကျွန်တော့ကို မရိုက်ပါနဲ့ဗျာ '

ဘဏ္ဍာတိုက် ငိုပြီးတောင်းပန်နေပါသော်ငြားလည်း ဂေဟာမှူးက မသနားသည့်အပြင် ပို၍ပင် ရိုက်ချက်ပြင်းလာတာကြောင့်
ဘဏ္ဍာတိုက် အလူးအလဲ ခံစားနေရသည်။

ထိုနောက် ဂေဟာမှူးရဲ့ ဒရွတ်တိုက် ဆွဲခေါ်ခြင်းကို ဘဏ္ဍာတိုက် ခံရပြန်သည်။
ဘဏ္ဍာတိုက် အတင်းရုန်းပါသော်လည်း အင်အားခြင်းမမျှတ တာကြောင့် ဂေဟာမှူးရဲ့ ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားရသည်။

မှောင်မဲနေသော အခန်းကို မြင်တော့ ဘဏ္ဍာတိုက် ထိပ်လန့်ကာ

' သခင်.......ကျွန်တော့ကို ကယ်ပါ.......သခင် '

ဟင်... ...

' ကိုယ်ရှိတယ် ကလေး '

ကိုယ်အပူရှိန်တက်ကာ ကိုယ့်ရဲ့နာမည်ကို ယောင်ယမ်းအော်ခေါ်နေသော ဘဏ္ဍာတိုက်ရဲ့လက်ကို သခင် ဆုတ်ကိုင်ပြီး အရုပ်လေးကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ
အနားမှာ သူရှိကြောင်း တတွက်တွက် ပြောပေးနေမိတယ်။

' ဟင့်.......ကြောက်တယ် '

ဘဏ္ဍာတိုက် ထံမှလွှင့်ကြွေလာတဲ့ မျက်ရည်စတွေကို သခင်သုတ်ပေးလိုက်ပြီး

' မကြောက်နဲ့......အရုပ်လေးနားမှာ ကိုယ်အမြဲရှိနေတယ် '

အနည်းငယ် တည်ငြိမ်သွားသော ဘဏ္ဍာတိုက်ရဲ့ နဖူးပေါ်က ရေပတ်ဝတ်ကို သခင်လဲပေးလိုက်သည်။
မနေ့ညကတည်းက လန့်ဖျားဖျားသွားတဲ့ ဘဏ္ဍာတိုက်
ဒီနေ့ညနေအထိ သတိမရသေး ။

ဒေါ်လေးကလည်း ယခုထိ ပြန်မလာသေးပါ။
အလုပ်ရှုပ်နေသော ဒေါ်လေးကို နောက်ဆံမတင်းစေချင်တာကြောင့် ဘဏ္ဍာတိုက်ဖျားနေသည်ကို အသိမပေးပဲ နေလိုက်သည်။

အိပ်မောကျနေသော ဘဏ္ဍာတိုက် နဖူးထက်ဝယ် သခင် အနမ်းတစ်ပွင့်ခြွေချလိုက်သည်။

တစ်ချက်တစ်ချက် ရှိုက်သံတစ်ချို့တစ်ဝက် ထွက်လာသော ဘဏ္ဍာတိုက်ကို သခင် စိုက်ကြည့်နေမိရင်း

ဘာ အိပ်မက်တွေမက်နေလို့ ကြောက်နေရတာလဲ အရုပ်လေးရယ်........
ဖြစ်နိုင်မယ်ဆိုရင် မင်းရဲ့အိပ်မက်ဆိုးတွေကို ကိုယ် တိုက်ထုတ် ကာကွယ်ပေးချင်တယ် ဆိုတာ ယုံပါ ကွာ....။

ပြင်းရှရှအချစ် Where stories live. Discover now