❤ ပြင်းရှရှအချစ် ❤
အပိုင်း ( ၇ )
ကောင်းကင်တစ်ခွင်လုံး တိမ်စိုင်တိမ်ခဲများဖြင့်အုံမှိုင်းကာ နေသည်မို့ နေရောင်ခြည်အလင်းတန်းများမှေးမိန်ပျောက်ကွယ်နေသည်။
မိုးစက်များကလည်း တဖြောက်ဖြောက် ရွာလို့နေသည်။
ပုဂံမြို့သစ်ဘက်သွားရာ လမ်းမပေါ်တွင် အရှိန်မပြင်း ဖြေးဖြေး လေးမောင်းနှင်နေသော
Honda fit ကားနက်လေးပေါ်မှာ မြရိပ်နဲ့ ဘဏ္ဍာတိုက် နှစ်ယောက်ထဲရှိနေ၏။ဂါဝန်အပြဲလေးကို ကိုင်ပြီး ရှိုက်ငိုနေတဲ့ ဘဏ္ဍာတိုက်ကို မြရိပ် သနားမိတယ်။
နေ့လယ် ၂နာရီဖြစ်သော်လည်း မိုးများရွာနေတာမို့်
ရသီဥတုက မပူဘဲ အေးသည့်ဘက်ကို အလေးသာနေသည်။
ကားကို လမ်းဘေးခဏရပ်ပြီး ဘေးမှာထိုင်နေတဲ့ ဘဏ္ဍာတိုက်လေးကို ထွေးပွေ့လိုက်သည်။' မငိုနဲ့တော့နော်...... တိတ်တော့ ဒေါ်လေး အဝတ်သွားဝယ်မလို့ ခဏစောင့်နော် '
ဘဏ္ဍာတိုက်ရဲ့ပါးပြင်ပေါ်က မျက်ရည်စများကို မြရိပ် သုတ်ပေးလိုက်သည်။
ဒီကလေးငယ် ဘဝက သူမမကယ်ရင် ပျက်စီးသွားနိုင်ချေရှိသည်။ဘဏ္ဍာတိုက်ကို ကားထဲထားခဲ့ပြီး အင်္ကျီ ရောင်းတဲ့ဆိုင်ကို မြရိပ်ဝင်ခဲ့သည်။
ဆိုင်ထဲတွင် မြရိပ်လိုချင်သော အဝတ်အစားများမရှိ။
ပုဂံရောက်အမှတ်တရအင်္ကျီများနဲ့ ဘောင်းဘီ အလွှာ အပါးစလေးများသာရှိသည်။မြရိပ် ဆိုင်ထဲမှထွက်လာခဲ့သည်။
သူမရဲ့လက်ထဲမှာ ပုဂံရောက် အမှတ်တရ အင်္ကျီ လက်ရှည်နဲ့ သုံးလွှာဘောင်းဘီတစ်ထည် ပါလာလေသည်။ကားထဲမှာ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူမကို စောင့်နေရှာသော ဘဏ္ဍာတိုက်လေး
ဝါဖန့်ဖန့် အသားအရေလေးနဲ့ လိုက်ဖက်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးက အခုဆို အရည်ကြည်တွေလဲ့လို့နေသည်။
အခုတော့ ပြောစရာတစ်ခုပိုလာပါပြီ
ငိုထားလို့ နီရဲနေတဲ့ နှာထိပ်လေးက အနည်းငယ်ပွယောင်းနေသည်။
သို့သော် လှပခြင်းတွေကတော့ ပျက်စီး၍မသွားပါ။
သူမမငိုနဲ့လို့မှာခဲ့တဲ့ စကားကို တသွေမတိမ်း လိုက်နာတဲ့ ဘဏ္ဍာတိုက်လေးကြောင့် သူမ အကြင်နာတွေပိုမိတာ မှားမယ်မထင်ပါဘူး