အပိုင်း ( ၃၀ )

7.3K 581 17
                                    

💙 ပြင်းရှရှအချစ် 💙

အပိုင်း ( ၃၀ )

ဘဏ္ဍာတိုက် ဂျပန်မှာနေရင်း  အစ်မဖြစ်သူ မင်းဘဏ္ဍာရဲ့ သင်ကြားမှုကြောင့်  ဟိုတယ်အတွင်းအပြင် အလှဆင်တဲ့ လုပ်ငန်းကို ကျွမ်းကျင်စွာ တက်မြှောက်လာသည်။
ပုဂံကို ပြန်လာတဲ့အကြောင်းကလည်း  ဘဏ္ဍာမှူး ဟိုတယ် ရဲ့ အခန်းတွေကို အလှဆင်ပေးဖို့ အစ်မဖြစ်သူကို ကမ်းလှမ်းထားတာကြောင့် သူပါ အစ်မနဲ့အတူ  ပြန်လာခြင်းဖြစ်သည်။
သူ့သဘော ဆန္ဒ ကြောင့်မဟုတ်သော်ငြားလည်း သခင်နဲ့တွေ့ ရမည်ဆိုတဲ့အသိကြောင့် တက်ကြွစွာနဲ့ ပြန်လာခဲ့သည်။
လေယာဉ်ပေါ်က ဆင်းအလာ သူပထမဆုံး တွေ့ခဲ့တဲ့ မြင်ကွင်းက
သခင်ကို တခြားကောင်မလေးက ကိုကိုဆိုပြီးချွဲနေတာကို သူကြားလိုက်ရတယ်။
သခင့်ရဲ့ မျက်နှာက မပြုံးသော်လည်း ကျေနပ်နေသလိုရှိတာကြောင့် ဘဏ္ဍာတိုက် ဝမ်းနည်းစွာ နဲ့ ထိုနေရာကနေ ထွက် ပြေးပြီး သခင်တို့နဲ့ မလှမ်းမကမ်း ထောင့်တစ်နေရာမှာ ငိုနေမိသည်။
မမက လှမ်းခေါ်မှ ထွက်လာတော့ လူတစ်ယောက် ကိုဝင်တိုက်မိတယ် ။
ထိုလူက သခင်ဖြစ်နေတာက ကံကြမ္မာလှည့်စားခြင်းများလား.......

' မောင်လေး.....ဘာတွေတွေးနေတာလဲ '

Tvကြီးကို တစ်စိုက်မက်မက်ကြည့်ပြီး သူမမေးတာကို မကြားသော မောင်လေးရဲ့ ပါးကို မင်းဘဏ္ဍာခပ်ဖွဖွ ဆွဲပစ်လိုက်သည်။

' အ့......နာတယ် '

' ပြောပါဦး ဒီကအစ်မခေါ်နေတာမကြားရအောင် ဘာတွေတွေးနေတာလဲ? '

' ဘာမှမဟုတ်ပါဘူး...... ဒီလိုပါပဲ.... ဟီး '

ဘဏ္ဍာတိုက် အစ်မကို သူ့ကြောင့်စိတ်မညစ်စေချင်ပါ ။ သခင့်အကြောင်းကို သူ ဖုံးကွယ်နိုင်သမျှ ဖုံးထားရမည်။

' ဟော.....မမရဲ့ ကိုဥက္ကာ လာနေပြီ....ကျွန်တော် ရှောင်ပေးမယ်နော် '

' ဟယ်......ဒီကောင်လေး အစ်မကိုစ သွားပြန်ပြီ '

အခန်းထဲပြေးဝင်သွားသော မောင်လေးကို ကြည့်ပြီး မင်းဘဏ္ဍာ ခေါင်းကိုဖြေးညှင်းစွာ ရမ်းလိုက်သည်။
ဒီမောင်လေးကတော့ အခုထိ ကလေးစိတ်မပျောက်သေးဘူး.....
ဒါကြောင့်လည်း သူမ စိတ်မချနိုင်ပါ ။

ပြင်းရှရှအချစ် Where stories live. Discover now