တစ်ခါမှခေါ်လေ့ခေါ်ထမရှိသော နာမည်ကိုသူစိမ်းဆန်စွာခေါ်လိုက်သောကြောင့် မင်းခန့်စိတ်အလိုမကျဖြစ်နေသည်မှာသေချာသည်။

မင်းခန့်ဘေးတွင်ဝင်ထိုင်လိုက်ပြီး မင်းခန့်ပေါင်ပေါ်သို့လက်တင်ကာပြောသည်။

"ပျော်တာပေါ့...မင်းအခုလွတ်လပ်သွားပြီဆိုတော့ ငါပျော်ပါတယ်....ပြီးတော့ မသာယာတဲ့အိမ်ထောင်ရေးကို စောစောစီးစီးကွာရှင်းလိုက်တာလည်း ကောင်းပါတယ်...ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ.."

ချက်ချင်းဆိုသလို အလိုမကျသောလေသံဖြင့် မေးခွန်းကတက်လာသည်။

"မင်းကိုပတ်ဝန်းကျင်ကတမျိုးထင်မှာစိုးရိမ်လို့...."

"ငါဂရုမစိုက်ဘူး... တမျိုးထင်ရုံမကလို့ နှစ်မျိုးပဲထင်ထင် ကြိုက်သလောက်ထင်ချင်တာထင်ပလေ့စေ ဇွဲ..အရေးကြီးတာမင်းနဲ့ငါ မခွဲရဖို့ပဲ... ငါမင်းကိုသိပ်ချစ်တာသိတယ်မလား...."

"ငါလည်းမင်းကိုချစ်တယ် မင်းခန့်...."

မင်းခန့်မျက်နှာကိုကိုင်ကာပေးလိုက်သော ရုတ်တရက်အနမ်းကြောင့် မင်းခန့်ပါးလေးနှစ်ဖက်နီမြန်းသွားသည်။

Paris မြို့ထဲတွင် ပျော်နေသော သွန်းခတ်နွယ်ကို မြတ်နိုးကိုကိုလိုက်ထိန်းနေရသည်။

သူ့အိမ်လိုနေချင်တိုင်းနေ လုပ်ချင်သလိုလုပ်နေသောကြောင့် ကလေးတစ်ယောက်လို တတွတ်တွတ်ပြောနေရသည်။

"ကားလာနေတယ် သွန်း..."

အရှေ့မှပြေးကာလမ်းဖြတ်ကူးရန်လုပ်နေသော သွန်းကို မြတ်နိုးကိုကို ခါးမှဖက်ကာလှမ်းဆွဲလိုက်သည်။

ကြောက်သွား၍မှုတ်ခတ်မှုတ်ခတ်ဖြစ်နေသော မျက်ဝန်းနက်နက်လေးများမှာ ချစ်ဖို့ကောင်းလှသောကြောင့် မြတ်နိုးကိုကိုအကြည့်များမခွာနိုင်တော့။

လမ်းတစ်လျှောက်လူများဝိုင်းကြည့်နေတာကိုမြင်မှ သွန်း ရုန်းလိုက်သည်။

"လာ သွားမယ်.."

သွန်း လက်ကိုဆွဲကာလူကူးမျဉ်းကြားမှဖြတ်ကူးသွားပြီး မြို့အနှံ့လျှောက်လည်ကြတော့သည်။

Past and Future Where stories live. Discover now