<32>

1.7K 81 2
                                    

နှိုးစက်အသံဟာ မင်းခန့်မောင်နားထဲ သံရည်ပူလောင်းထည့်သလို ပူလောင်စွာစီးဆင်းသွားသည်။

အိပ်ရေးမဝသောမျက်ခွံများကို အားယူဖွင့်ရင်း ပွတ်သပ်ကာ မျက်နှာကြက်ကို ဘာရယ်မဟုတ်ကြည့်မိသည်။

လွန်ခဲ့သောရက်အနည်းငယ်က ဖြစ်ခဲ့သောအဖြစ်အပျက်များကို ပြန်စဉ်းစားရင်း မင်းခန့်မောင် ခေါင်းတွေကိုက်လာသည်။

နားထင်ကို လက်ဖနောင့်နှင့်ဖိပြီး မျက်မှောင်ကြုတ်ကာ မျက်နှာရှုံ့မိသည်။

မလှမ်းမကမ်းမှာရှိနေသော နှစ်ယောက်အိပ်ကုတင်ပေါ်တွင် အိပ်မောကျနေဆဲဖြစ်သည့် မြတ်နိုးကိုကိုရဲ့ ဘေးတိုက်မျက်နှာကိုကြည့်ရင်း သက်ပြင်းချကာ ဆိုဖာပေါ်မှ ထလိုက်သည်။

လင်မယားသက်တမ်းတစ်လျှောက်လုံး အိပ်ခဲ့ရသော ဆိုဖာလေးပေါ်မှ ရင်နာစွာ ထလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

ဒီနေ့တရားဝင်ကွာရှင်းရမည့်နေမို့ မင်းခန့်မောင် ခေါင်းတွေပိုကိုက်မိသည်။

ရေဗန်းအောက်က မင်းခန့်မောင်ဆံပင်တွေ ရွှဲနစ်နေသည်။

ထို ရွှဲနစ်နေသောဆံပင်များထဲ လက်ချောင်းများထည့်ကာ တစ်စုံတစ်ယောက်အကြောင်းကိုစဉ်းစားမိသည်။

ဇွဲ။

မြတ်နိုးကိုကိုနှင့် နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းတော့မှာမို့ ပထမဆုံးသတိရမိသူမှာ ဇွဲခန့်ခအောင်။

ဇွဲ။ မင်းနဲ့ငါနီးစပ်ဖို့ သိပ်မလိုတော့ပါဘူး။

"ခွမ်း..."

ကြွေပြားထက် အက်ကွဲသွားသောဖန်ကွဲစများကို ထိတ်လန့်စွာဖြင့် ဇေယျာဟိန်းထက်ကြည့်လိုက်သည်။

"မင်း ဒါဘာလုပ်တာလဲ မိုးမခ..."

ဇနီးအဖြစ်ပေါင်းသင်းလာတာ တစ်လကျော်ကျော်သာရှိသေးသော မိုးမခအမူအရာကိုကြည့်ကာ ဇေယျာဟိန်းထက်ပြောလိုက်သည်။

"ရှင်က ရှင့်ညီမ ကွာရှင်းဖို့ကိစ္စပဲခေါင်းထဲထည့်နေတာ.. ကျွန်မ အမေရက်လည်တာတောင် ဘာမှဝိုင်းကူမလုပ်ပေးနိုင်ဘူး..."

Past and Future Where stories live. Discover now