<12>

1.7K 106 4
                                    

Hotel ခန်းထဲတွင်သွန်းခတ်နွယ်တစ်ယောက်အတွေးများစွာဖြင့်တွေဝေနေစဉ်ဖြစ်သည်။

မြတ်နိုးကိုကို၏တောင်းဆိုမှုသည်ဝေခွဲမရဖြစ်နေသည့်အပြင်ပိုက်ဆံမက်သောလောဘစိတ်ကလည်းခိုအောင်းနေတာကြောင့်အမှားအမှန်မဝေခွဲနိုင်ဖြစ်နေချိန်တစ်ဦးတည်းသောသူမ၏ချစ်သူဘုန်းစစ်သွေးအားသတိသွားရမိသည်။

ဘုန်းစစ်သွေးတစ်ယောက်လုံးရှိပါလျက်နှင့်မိန်းကလေးချင်းတွဲရမည်ဆိုသည်မှာမိုက်မဲလွန်းလှသော်လည်းငွေဆိုသည့်အထပ်လိုက်သောပိုက်ဆံကြီးအားလည်းမြင်ယောင်မိနေပြန်သည်။

သူဌေးသမီးဆိုသည့်အသိစိတ်အပြင်လုပ်အားခအလျောက်ရမည့်ငွေပမာဏကိုလည်းသွန်းခတ်နွယ်မက်မောမိသည်။

ရွေးချယ်ရခက်နေသည့်အနေအထားတွင်သူငယ်ချင်းများအခန်းထဲရောက်လာ၍ရယ်မောစကားပြောကာအိပ်ပျော်သွားကြလေသည်။

-------------------------

"ဟိန်းထက်!!"

"ဟင်!?"

"ဒီနေ့ညငါတို့အားတယ်မလား..?"

"အေးလေ.."

"ဟိုကောင်မင်္ဂလာဆောင်တော့မှာမင်းသိတယ်မလား..? အဲ့တော့သွားသောက်ရအောင်!"

"ငါကအိမ်စောစောပြန်မလို့.."

"မင်းကလည်း...ဒီကောင်မိန်းမရသွားရင်ငါတို့ဒီလိုဆုံဖို့ကမဖြစ်နိုင်တော့ဘူးကွ! သွားရအောင်ကွာ! လာ.."

"..."

သူငယ်ချင်းများအဆွယ်ကောင်း၍ဇေယျာဟိန်းထက်တစ်ယောက် Bar သို့ကောက်ကောက်ပါအောင်ပါသွားလေတော့သည်။

-----------------------

"အခန်းမရှိတော့ဘူးတဲ့ ဘယ်လိုလုပ်မလဲ?"

"ငါလည်းမသိဘူး.."

မျက်မှန်အားလက်ညှိုးလေးဖြင့်ပင့်တင်ကာရှင်းသန့်ပြောလိုက်သည်။

ထိုအချိန်-

"မောင်လေးတို့! တစ်ယောက်အိပ်အခန်းတစ်ခန်းကို Foreigner ကြီးတစ်ယောက်က Cancel လုပ်လိုက်တယ်.. အဲ့ဒါမောင်လေးတို့ယူမလားလို့ပါ.."

"ယူမယ်!!" "မယူဘူး!!!"

ဘုန်းစစ်ဘက်ကယူမယ်ပြောသော်လည်းရှင်းသန့်၏ငြင်းဆန်သည့်အသံတစ်ပြိုက်နက်ထွက်လာလေသည်။

Past and Future Where stories live. Discover now