<14>

1.8K 108 2
                                    

အိပ်မောကျနေသောဘုန်းစစ်သွေးအားဘေးတိုက်ကြည့်နေသူရှင်းသန့်မြတ်ပိုင်သူခိုးလူမိလေတော့သည်။

ရုတ်တရက်နိုးလာသောအချိန်တွင်ဘေးတွင်စိုက်ကြည့်နေမိသူရှင်းသန့်အားတွေ့၍ပြုံးကာဖက်ထားသောရင်ဘတ်အားပို၍တင်းကြပ်စွာဖက်မိသည်။

"...."

ရှင်းသန့်ရှက်ကိုးရှက်ကန်းနှင့်မရုန်းနိုင်ခဲ့ပဲတစ်ဖြည်းဖြည်းအနောက်ဆုတ်သွားသောအခါပို၍တိုးလာသည်။

"မင်း...မင်းဘာလို့ငါ့ဘေးမှာလာအိပ်နေတာလဲ!? မင်းကိုအောက်မှာအိပ်ခိုင်းထားတာလေ!!"

"ကျနော်အောက်မှာဘယ်လိုမှအိပ်လို့မရလို့ပါ.. ပြီးတော့အရမ်းအေးလို့.. အစ်ကို့ဘေးမှာအိပ်ရတာနွေးနေတာပဲ..ဟီး.."

"ဘာကွ!?"

"ဟို..ဟိုလေ.. ခန္ဓာကိုယ်မှာအပူဓာတ်ရှိတယ်လေ..အဲ့တော့.. ကျနော်အစ်ကို့ဘေးလာအိပ်တော့နွေးသွားတာလို့..ပြောချင်တာ..."

"....."

မျက်စောင်းတစ်ချက်ပေးကာခွတင်ထားသောဘုန်းစစ်ခြေထောက်အားကန်၍ရှင်းသန့်ကုတင်ပေါ်မှထသွားသည်။

Toilet ထဲဝင်၍အပေါ့အပါးသွားပြီးနောက်အိပ်ရာပေါ်ပြန်လာတော့ဘုန်းစစ်ကအိပ်မောကျနေပြန်သည်။

အတူတူမအိပ်ချင်သော်လည်းတစ်ယောက်အိပ်အခန်းဖြစ်၍တစ်ယောက်အိပ်ကုတင်တွင်ကျဉ်းကျပ်စွာအိပ်ရပေဦးမည်။

ကြိုးစား၍ဘုန်းစစ်အားလှုပ်နှိုးသေးသည်။ သို့သော်တစ်ချက်မလှုပ်မရွပဲအိပ်မောကျနေသေးသည်။

ရှင်းသန့်လည်းမတတ်နိုင်တဲ့အဆုံးဘေးတွင်ခွေခွေလေးဝင်အိပ်ရတော့သည်။

ဘုန်းစစ်နားမကပ်ပဲအလယ်တွင် 2cm လောက်ခြား၍ကုတင်အစွန်းတွင်စောင်ခြုံကာခွေအိပ်တော့သည်။

ခဏကြာသောအခါရှင်းသန့်အိပ်မောကျသွားပြီးညတာအချိန်လည်းကုန်ဆုံးခါနီးရောက်လာသည်။

ရှင်းသန့်အိပ်ပျော်သွားပြီဆိုမှအိပ်ချင်ယောင်ဆောင်နေသူဘုန်းစစ်မျက်လုံးဖွင့်ကြည့်ကာပြုံးမိသည်။

Past and Future Where stories live. Discover now