<24>

1.1K 66 1
                                    

November 17, 2018.

မင်းခန့်မောင်မွေးနေ့။

မွေးနေ့ရှင်ကိုယ်တိုင် နိုင်ငံခြားရောက်နေခဲ့၍ ရန်ကုန်မှအဖြစ်အပျက်များကို မသိခဲ့ရသော အချိန်ကာလတုန်းက ဖြစ်သည်။

ညနေ ၅ နာရီ Novotel Hotel တွင် မင်္ဂလာခမ်းနားကျင်းပနေခဲ့ကြသော အချိန်ဖြစ်သည်။

မောင်ဇေယျာဟိန်းထက် နှင့် မမိုးမခ ဆိုသော စာသားလေးကို နှင်းဆီရောင်အနားများဖြင့်ကွပ်ထားသည်။

ပွဲစချိန်တွင် အရောက်ပြေးလာခဲ့သော မင်းခန့်မောင်နှင့် ဇွဲခန့်ခအောင်တို့ကို ဇေယျာဟိန်းထက် ရုတ်တရက်လှမ်းတွေ့လိုက်သည်။

မောဟိုက်နေသောမင်းခန့်မောင်ပုံစံနှင့် အနောက်မှအမှီလိုက်လာရသော ဇွဲခန့်ခအောင်ကိုတွေ့ပြီး ဇေယျာဟိန်းထက် အံ့အားသင့်စွာ ကြည့်နေသည်။

မိုးမခနှင့်အတူ ဧည့်သည်များကိုနှုတ်ဆက်ရင်းကနေ ဖျက်ကနဲလှမ်းတွေ့လိုက်ရသော မင်းခန့်မောင်နောက် လိုက်သွားရန်ပြင်နေမိသည်။

"Toilet ခဏသွားလိုက်ဦးမယ်နော်.."

သူငယ်ချင်းအုပ်စုတစ်ဝိုင်းကိုနှုတ်ဆက်စကားပြောပြီး ဒီဘက်ရောက်လာတော့ မိုးမခကို Toilet ခဏသွားမည်ဟု ပြောကာထွက်လာခဲ့သည်။

ခေါင်းငြိမ့်ပြပြီး လာသမျှဧည့်သည်တိုင်းကို အပြုံးချိုချိုနှင့် နှုတ်ဆက်ကျန်ခဲ့သည်။

ခန်းမထဲမှချက်ချင်းပြေးထွက်သွားသော မင်းခန့်မောင်နောက်လိုက်ရန်ပြင်တော့ အပေါက်ဝမှ ဧည့်သည်များနှင့် ပိတ်မိနေတော့သည်။

နှုတ်ဆက်ကြိုဆ်ိုနေရင်း မင်းခန့်မောင်ပြေးသွားသော နေရာကိုကြည့်နေရသည်။

မိုးများခြိမ်းလာပြီး ကောင်းကင်တစ်ခုလုံးမည်းတက်လာသည်။

"ကျွန်တော့်ယောက်ဖလာမှာမို့လို့ အပြင်ထွက်စောင့်လိုက်ဦးမယ်ဗျ.. ဝင်နှင့်ကြနော်.. အထဲမှာ မိုးမခရှိတယ်.."

ကောင်းတတ်သလိုကြည့်ပြောပြီး မင်းခန့်မောင်နောက်လိုက်ခဲ့သည်။

မည်းမှောင်နေသောကောင်းကင်အောက်မို့ နေရောင်ပင်ရှာမရ။

Past and Future Where stories live. Discover now