<2>

5.4K 230 10
                                    

ညီမဖြစ်သူရဲ့ဆိုးသွမ်းမှုတွေကိုမလွန်ဆန်နိုင်တဲ့အကို
ကောင်းတစ်ယောက်ဖြစ်လို့နောက်ဆုံးမငြင်းနိုင်တော့ပဲ
ညီမရဲ့ခင်ပွန်းလောင်းဖြစ်သူကိုကိုယ်တိုင်လာတွေ့နေ
ရခြင်းဖြစ်သည်။

ငယ်ငယ်ကတည်းကညီမကိုအလိုလိုက်ခဲ့ပြီးတောင်းဆို
သမျှဖြည့်ဆည်းပေးခဲ့သောကြောင့်အခုချိန်တွင်ဟောင်
လွန်းတဲ့ခွေးမလေးဆိုသလို လုပ်ပေးတာများလာတော့
ခိုင်းလက်စနှင့်ဆက်တို်ုက်ခိုင်းနေလေတော့သည်။

ကိုယ့်ညီမဖြစ်သူနဲ့သဘောတူထားတဲ့ယောကျင်္ာလေး
တစ်ယောက်ကိုလာတွေ့နေရသည်မို့အခြေအနေတွေကပုံမှန်မဟုတ်ပဲနည်းနည်းတော့ထူးဆန်းနေမည်ဖြစ်
သည်။

"ဟုတ်ကဲ့..ညီ့နာမည်က..?"

"မင်းခန့်မောင်ပါခင်ဗျ.."

"ဪ...ကိုယ့်နာမည်ကဇေယျာဟိန်းထက်ပါ.."

"ဟုတ်..ဒါနဲ့မြတ်နိုးကိုကိုက...?"

"ကိုယ်ကသူ့အကိုအရင်းပါ..သူမအားလို့ကိုယ်လာ
တွေ့တာပါ.."

မင်းခန့်မောင်ရှေ့မှကော်ဖီအားတစ်ငုံငုံလိုက်ပြီးဇေ
ယျာဟိန်းထက်အားအကဲခတ်နေသည်။

ဇေယျာဟိန်းထက်လည်းစည်းထားသော necktie အား
အနည်းငယ်လျှော့လိုက်ပြီးမသိမသာသက်ပြင်းချလိုက်
သည်။

"အကိုကညီမကိုတော်တော်ချစ်ပုံပဲနော်.."

"ညီမလေးတစ်ယောက်တည်းရှိတော့ချစ်တာတော့
ချစ်ပါတယ်..ဒါပေမယ့်ဒီလိုကိစ္စတွေအထိလိုက်လုပ်
ပေးနေရတာတော့ညီ့ရှေ့မှာနည်းနည်းတော့ရှက်မိ
တယ်.."

"ရပါတယ် အကို.... ညီမချစ်တဲ့အကိုတွေကဒီအတိုင်း
ပါပဲ..ကျွန်တော်နားလည်ပါတယ်.."

မင်းခန့်မောင်ကအသက်ငယ်သလောက်လူကြီးဆန်ပြီး
နားလည်မှုအပြည့်ရှိတာကိုဇေယျာဟိန်းထက်ရိပ်မိ
လိုက်သောကြောင့်ကိုယ့်ညီမအတွက်စိတ်သက်သာ
ရာရသွားသယောင်ရှိသည်။

မင်းခန့်မောင်ကတော့ညီမကိုချစ်ပြီးအလိုလိုက်လွန်းတဲ့
အကိုနဲ့ရင်ဆိုင်လိုက်ရလို့သူယူမယ့်ဇနီးလောင်းအ
တွက်အနည်းငယ်တော့ရင်လေးမိသည်။

Past and Future Where stories live. Discover now