<3>

3.4K 178 1
                                    

နက်မှောင်သောဆံနွယ်များကဖြူဖွေးသောနဖူးပြင်ပေါ်တွင်မသေမသပ်ဝဲကျနေပြီးအပြစ်ကင်းစင်သောကလေးတစ်ယောက်သဖွယ်ကျောပိုးအိတ်လေးလွယ်ကာမျက်မှန်အဝိုင်းလေးတပ်ဆင်ထားလျက်ရှိနေပြီးရိုးရှင်းသော Shirt အကျႌအဖြူကို Jean ဘောင်းဘီအရှည်နှင့်တွဲဖက်ဝတ်ဆင်ထားသောနည်းပညာနောက်ဆုံးနှစ်တက်နေသူဟုမထင်ရလောက်အောင်ချစ်ဖို့ကောင်းနေသည့်ရှင်းသန့်မြတ်ပိုင်ဆိုသောကောင်လေးမှာသူ့အခန်းသို့ဝင်လာလေသည်။

အခန်းမှားဝင်လာသူဘုန်းစစ်သွေးမှာလက်ထဲမှဓာတ်ပုံအားကိုင်ထားလျက်ရှိနေပြီးလွန်ခဲ့သောစက္ကန့်ပိုင်းလောက်ကမှတွေ့ခဲ့သောဓာတ်ပုံထဲကကောင်လေးကိုအပြင်မှာရုတ်တရက်တွေ့လိုက်ရသောကြောင့်လန့်သွားသယောင်ရှိပေမယ့်ဓာတ်ပုံထဲကထက်အပြင်မှာပိုချစ်ဖို့ကောင်းနေသောရှင်းသန့်မြတ်ပိုင်ဆိုသူကောင်လေးအားတွေ့တွေ့ချင်းပင်ဘုန်းစစ်သွေးဆွံ့အစွာငေးမောနေမိသည်။

"ဘယ်သူလဲ...???"

"ဗျာ...ဟို...ကျွန်တော်ကဘုန်းစစ်သွေးပါ...သွန်းအခန်းမှတ်လို့ဝင်လာမိတာ...မှားသွားပြီထင်တယ်...sorryပါဗျ"

"aww...omm..."

"ဟာ! ကိုငယ်ပြန်လာပြီလား...? မေမေတို့ရော?"

အခန်းပေါက်ဝတွင်ရပ်ကာကြောင်ကြည့်နေသူရှင်းသန့်အားအနောက်မှညီမဖြစ်သူကလာ၍မေးလေတော့သည်။

"မေမေတို့အပြင်သွားတယ် သွန်း.."

"ဟုတ်လား..?? ဪ..ဒါနဲ့သူကဘုန်းစစ်သွေးလေ the whole king ကြီးပေါ့..ကိုငယ်သိတယ်မလား..?"

အခန်းထဲမှမထွက်သေးပဲရပ်ကာမောင်နှမနှစ်ယောက်စကားပြောနေသည်ကိုကြည့်နေသူဘုန်းစစ်သွေးအားချစ်သူကောင်မလေးဖြစ်သူသွန်းမှတွေ့သွား၍အစ်ကိုနှင့်မိတ်ဆက်ရန်ပြင်လေတော့သည်။

"omm...သိသလိုပဲ..."

တစ်ကျောင်းလုံးကမိန်းကလေး၊ယောကျင်္ားလေးမှန်သမျှမသိသူမရှိသည့်ဘုန်းစစ်သွေးအားတစ်ကျောင်းတည်းတက်နေသူရှင်းသန့်မြတ်ပိုင်က "သိသလိုပဲ" ဆိုသောမသေချာသည့်အသုံးအနှုန်းကြောင့်ဘုန်းစစ်သွေးအနည်းငယ်တော့မျက်မှောင်ကြုတ်ကြည့်မိသည်။

Past and Future Where stories live. Discover now