<30>

1.2K 77 6
                                    

တိတ်ဆိတ်သော Toilet ထဲတွင် အစိုဓာတ်ကြောင့် အေးစိမ့်စိမ့်ဖြစ်နေသည်။

နီးကပ်သောမျက်ဝန်းများဟာ လျှပ်စီးကြောင်းများအလား ကျိန်းစပ်စေသည်။

ယောကျင်္ားအချင်းချင်း ကြိုးစားပြောလိုက်သော ဘုန်းစစ်သွေးစကားမှာ ပြတ်သားလွန်းခဲ့သည်။

ရှင်းသန့်မြတ်ပိုင် ပြောစရာစကားမရှိကြောက်လန့်စွာ ကြည့်နေမိသည်။

သို့သော် ထိုမျက်ဝန်းနက်နက်များကို ကြာကြာမခံနိုင်ပါ။

ရှောင်လွှဲနိုင်ရန်ကြိုးစားနေသော်လည်း ထိုမျက်ဝန်းများသာ ပြန်လည် လွှမ်းမိုးလာသည်။

"ကိုငယ်.."

ဘုန်းစစ်သွေးအသံမှာပြတ်သားသည်။

ငြိမ်သက်နေသော Toilet ထဲ ဘုန်းစစ်သွေး ခေါ်သံကြောင့် တုန်လှုပ်သွားမိသည်။

အစတည်းက တဒိတ်ဒိတ်ခုန်နေသောရင်ခုန်သံများနှင့်အတူ လူကိုပါတုန်လှုပ်သွားစေသည်။

"ကျွန်တော့်ကို တစ်ခုခုပြောဦးလေ.."

"ငါ့မှာဘာမှပြောစရာမရှိဘူး.."

မဝံ့မရဲကြိုးစားပြောလိုက်ပြီး ဘုန်းစစ်သွေးကိုကျော်ကာ ထွက်သွားရန် ပြင်နေသည်။

ဘုန်းစစ်သွေးစိတ်မရှည်စွာဖြင့်လက်ကိုလှမ်းဆွဲလိုက်ပြန်သည်။

"ကိုငယ် လိမ်နေတာကျွန်တော်သိတယ်.. ကိုငယ်လိမ်
ရင် ဘယ်တော့မှ ကျွန်တော့်မျက်လုံးကိုကြည့်မပြောဘူး.. အသံတွေတုန်နေတာ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိတယ်.. ကိုငယ် ကျွန်တော့်ကို မုန်းတယ်ဆိုရင်.. ကျွန်တော့်ကို ပြန်မချစ်နိုင်ဘူးဆိုရင်.. ကျွန်တော့်ကို ဒီလောက်တောင် ခါးခါးသီးသီး ဖြစ်နေတယ်ဆိုရင်.. ကျွန်တော့်မျက်လုံးကို သေချာကြည့်ပြီး ပြောချလိုက်ပါ.. ကျွန်တော့်ကို သေချာကြည့်ပြီး မင်းကိုငါမုန်းနေတာဟုတ်တယ်လို့ ပြောကြည့်စမ်းပါ.. အဲ့ဒါဆို ကျွန်တော် ကိုငယ့်အနားက တစ်သက်လုံး ရှောင်ထွက်သွားပေးမယ်.. ကိုငယ်ရှောင်စရာမလိုဘူး.. ကျွန်တော်ပဲထွက်သွားပေးမယ်..."

တင်းကြပ်စွာဆုပ်ကိုင်ထားသောဘုန်းစစ်လက်များကို ရှင်းသန့်ခါချလိုက်သည်။

Past and Future Where stories live. Discover now